26.2

17.2K 2.7K 13
                                    

Unicode

လက်ကောက်တွေ၊ ကျောက်စိမ်းဆွဲသီးတွေ စတဲ့ အဖိုးတန် ပစ္စည်းအစစ်တွေပြုလုပ်ပြီးရင်တော့ ကျောက်စိမ်းတုံးအပိုင်းအစတွေက အရွယ်အစားအမျိုးအမျိူးနဲ့ အကြွင်းအကျန်တွေရှိနေမှာပဲ။

ချန်းလဲ့က ဆက်ပြောလာလေသည်။

"အကြွင်းအကျန် ပစ္စည်းတွေမှာက ပြန်သုံးလို့ရတာ သိပ် များများစားစား မရှိပေမယ့်လည်း မသန့်တာတို့ အရည်အသွေး ညံ့တာမျိုးတွေတော့ မဟုတ်ဘူးလေ။ ဈေးနှုန်းက ကျောက်စိမ်းရိုင်းထက်လည်း အများကြီး ပိုသက်သာတယ်။"

"ပြီးတော့၊ ကျွန်တော်တို့ရဲ့ထုတ်ကုန်အတွက်ဆို ၀တ်ဆံဖိုနေရာမှာ တပ်ဖို့ပဲ လိုတာ။ အမှန်ဆို အဲ့အပိုင်းအစတွေကနေ ပြန်သုံးလို့ရတာတွေကို ရှာရတာလွယ်ပါတယ်။ ဒုတိယအကြိမ် ပြန်ပြင်ပြီး အရောင်တင်ဖို့ပဲလိုတာ။ "

ဒီ ကျောက်စိမ်းဝတ်ဆံဖိုက သိပ်မပေါ်လွင်ပေမယ့် ကျောက်စိမ်းအစစ်ရဲ့ တောက်ပချောမွေ့တာကို အခြား A အဆင့်အတုတွေက ယှဉ်နိုင်မည်မဟုတ် ပေ။

သူတို့ ထုတ်ကုန်ကို ကောင်းကောင်းရောင်းချချင်ရင်တော့ အသေးစိတ်ကအစလွဲချော်လို့မဖြစ်ဘူး။ သေချာဂရုတစိုက်လုပ်သင့်တယ်။

ရှီယွင်နန် ခေါင်းညိတ်လိုက်ပြီး

"ယုံကြည်စိတ်ချရတဲ့ ကျောက်စိမ်း ပြင်တဲ့ စက်ရုံတွေကို ဆက်သွယ်ဖို့ ကျွန်တော် ချန်းလဲကိုပြောထားပြီးသား။"

ကျောက်စိမ်းစက်ရုံကြီးကြီးတွေမှာဆို အကြွင်းအကျန် အပိုင်းအစတွေက ပြတ်လတ်မနေပေ။ ပြီးတော့ သူတို့မှာ စက်အကောင်းစားတွေနဲ့ နည်းပညာတွေလည်းရှိ၏။ လုံကုမ္ပဏီက သူတို့အတွက် ပုံမှန်ပမာဏ ပေးနိုင်ရန် စက်ရုံတွေနဲ့ ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်လို့ရတယ်။ ဒီလိုဆို အချိန်ကုန်သက်သာပြီး အားစိုက်ထုတ်စရာမလိုတော့ဘူး။

"သေချာ ထိန်းချုပ်နေသရွေ့ ဒီဇိုင်းနှစ်ခုရဲ့ ကုန်ကျစရိတ်က သိပ်မကွာလောက်ဘူး။"

"အဝယ်ဌာနနဲ့ လွှဲထားလိုက်တာပေါ့။ ဒီဇိုင်းက ငါတို့ရဲ့ ဟွားကျုံးကောနဲ့ ပို့လိုက်တယ်လို့ ထင်တယ်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now