27.1

18.2K 2.7K 51
                                    

Unicode

အထက်တန်းကျကျ အလှဆင်ထားတဲ့ ဟိုတယ် ဧည့်ခန်းတွင် အခမ်းအနားပွဲလေးတစ်ခု ကျင်းပနေ၏။

ရှီးခဲယွဲ့က ရှန်ပိန်တစ်ခွက်ကိုကိုင်ထားရင်း ဆိုဖာပေါ်တွင် မှီနေကာ၊ ခွက်ကိုအနည်းငယ်လှုပ်ယမ်းလိုက်ပြီး သူ့မျက်လုံးများက စိတ်ကြီးဝင်နေလေသည်။

မကြာခင်မှာ တစ်ယောက်ယောက်က သူ့အနားကို ရောက်လာ၏။

"သခင်လေးရှီး ၊ ဘယ်လိုလဲ? ကိုယ်နဲ့ပူးပေါင်းတာ အဲ့လောက်အဆိုးကြီးမဟုတ်ဘူးမလား?"

ရောက်လာသူက လော့ယန်ချွမ်းပင်။ တစ်ဖက်လူက ဒီနေ့လို ဝတ်စုံပြည့်ဝတ်တယ်ဆိုတာ ရှားပါးလွန်းလှသည်။ ပုခုံးကျယ်နှင့် သေးသွယ်တဲ့ခါးလေးကြောင့် သူ့ပုံစံဟာ အထူးကြည့်ကောင်းနေလေသည်။

လော့မိသားစုရဲ့ မျက်လုံးများနှင့် မျက်ခုံးများဟာ တကယ့်ကို ကြည့်ကောင်းတာပင်။ လော့လင်းရှန်းရဲ့ ထိန်းချုပ်ထားတဲ့ ပင်ကိုယ်ဗီဇထက်စာရင် လော့ယန်ချွမ်းက မက်မွန်ပွင့်လေးတွေကို စွဲဆောင်တဲ့ အီစီကလီလုပ်တတ်တဲ့ပုံစံ ပိုပေါက်လေသည်။

ရှီးခဲ့ယွဲ့ ဒီနေ့စိတ်ကောင်းဝင်နေတာကြောင့်ဖြစ်နိုင်၏။ ဒီနေ့ လော့ယန်ချွမ်က မျက်လုံးထဲကြည့်ကောင်းနေတယ်လို့ ထင်မိလေသည်။

သူက သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ပြန်တုံ့ပြန်လိုက်သည်။

"ပိုက်ဆံရှာနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက ဆိုးတော့မဆိုးပါဘူး။"

လော့ယန်ချွမ်း သူ့ဖန်ခွက်ကို ဖြည်းဖြည်းချင်းတိုက် လိုက်ပြီး ရဲရဲတင်းတင်းပဲ ရှီးခဲယွဲ့နားဝင်ထိုင်လိုက် သည်။ ထို့နောက်က သူက လေးလေးနက်နက် မေးလာလေသည်။

"သခင်လေးရှီးက ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်ဖို့ စီစဉ်ထားလဲ?"

"ကျေးဇူးဆပ်ဖို့?" ရှီးခဲယွဲ့က  လော့ယန်ချွမ်းရဲ့အရိပ်အမြွက်ကို နားမလည်ချင်ယောင်ဆောင်လိုက်ပြီး ရှန်ပိန်ကိုသာ သောက်လိုက်သည်။ "ပူးပေါင်းတဲ့ ဝေစုကို အရင်ကတည်းက သတ်မှတ်ထားပြီးပြီမလား? စိတ်မပူပါနဲ့ လော့သခင်လေး၊ ဒီငွေတွေက မင်းအတွက်ပဲဖြစ်မှာပါ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now