"မျက်နှာအရင်သစ်...."
ဝမ်းနည်းမှုအရှိန်အဟုန်ကိုမြှင့်တင်လိုက်ပြီး ငယ်သည် သူ့မျက်နှာအား လက်ဖြင့်ဆွဲယူရင်း ငယ့်မျက်နှာအပ်ဖို့ကြံရွယ်ကာရှိသေးသည် သူဟာဤသို့ငယ်တွေးပုံကို စောလျင်စွာပဲ ခန့်မှန်းမိပုံရပြီး သူ့မျက်နှာကို ငယ်ရှိရာနှင့်ဆန့်ကျင်ရာဘက်သို့ယိမ်းသွားသည်။
"ငါလိုက်ပို့ပေးမယ်...."
သူ့အပြုအမူကြောင့် တစ်ဖန်ပြန်လည်လို့ညှိုးငယ်သွားတဲ့ ငယ့်မျက်နှာအရိပ်အကဲကို သူကချက်ချင်းပဲ နားလည်စွာနှင့် ငယ့်အား ထိန်းပေးထားလျက်ကပင် ရေချိုးခန်းရှိရာသို့လျှောက်သွားသည်။
"ရပြီ ရော့...."
အသင့်ထည့်ပေးလိုက်သော သွားတိုက်တံကို ငယ်ကလည်း လက်တစဖက်ဖြင့်လှမ်းယူပြီး ကျန်လက်တစ်ဖက်ကိုတော့မူ သူ့လည်ပင်းအားမြဲမြံစွာနှင့်ပင်တွဲဖက်ထားဆဲဖြစ်သည်။
"ဟ!!!..သွားတိုက်တဲ့ အချိန်တော့ ဆင်းမှပေါ့။
ဒီလိုပုံနဲ့သွားတိုက်ရအောင် နင်က ကလေးလား..."အပ်ဖျားလေးတဲ့ တို့,မိလျှင်တောင် နှလုံးသားကိုတည့်တည့်ကို ဝင်သွားသည့်မြှားချက်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာနှင့် ဝမ်းပမ်းတနည်းဖြစ်နေမည့် ငယ့်စိတ်အခြေအနေမှာ သူ့စကားကြောင့် ကြေကွဲစွာနှင့်ပင် သူ့ကိုယ်ပေါ်ကနေ ဆင်းပေးလိုက်သည်။
အခုမှတွေ့ရတဲ့ ငယ့်အပေါ်ကိုလုပ်ရက်လေခြင်းဆိုသည့် အတွေးနှင့်ဝမ်းနည်းမှုတွေလှိုင်ထတော့မည့်အခြေအနေမှာပဲ သူဟာငယ့်ရှေ့ကနေပိတ်ရပ်ပြီး ငယ့်အား ကျောပိုးလေတော့သည်။
"မငိုနဲ့ တိုက်တော့၊ ပြီးရင်မျက်နှာသစ်.....။
မြန်မြန်လုပ် အုန်းနို့ခေါက်ဆွဲဟင်းရည် အေးသွားမယ်။""အင်း...."
သူ့အပြောတွေအားလုံးက အခုချိန်မှာ ငယ့်အတွက်ဝမ်းနည်းစရာတွေကြည့်ဖြစ်နေသည်။ ထို့ကြောင့်ညှိုးငယ်စွာနှင့်ပင် သွားကိုဖြည်းဖြည်းချင်းတိုက်နေလိုက်သည်။
"သမီးငယ်ရာ...."
ငယ့်မှာ သူများငယ့်ကိုစိတ်မရှည်ဘူးလားလို့ တွေးရင်း တဖြည်းဖြည်းချင်း ပြိုကျချင်လာသည့် မျက်ရည်များနှင့် ရှိနေဆဲ၊ လက်ထဲတွင်ရှိသော သွားတိုက်တံအား ရွေ့လျားမှုပင် မလုပ်နိုင်သည့် အခြေအနေမှာ ထိုသို့ခေါ်သံညှင်းညှင်းနှင့်အတူ ရှေ့သို့ ဆွဲယူခံလိုက်ရသည့်ငယ့်ခန္ဓာကိုယ်ကြောင့် ငယ်သည်သူနှင့်မျက်နှာချင်းဆိုင်မှာ သူ့ခါးတွေကို တွယ်ချိတ်ထားရသည့် အခြေအနေသို့ ရောက်သွားသည်။
YOU ARE READING
အချစ်ဦး (Completed)