Chapter...26

27.2K 1.7K 63
                                    

ခမ်းနားထည်ဝါပြီး ဓမ္မတေးသီချင်းတွေပျံ့
လွင့်နေတဲ့ ဘုရားကျောင်းကြီး ရဲ့အရှေ့၌
အနက်ရောင် ကားတစ်စီးက စက်အရှိန်သတ်
၍ ကားရပ်လိုက်လေ၏။

ကိုယ်လုံးလေးကို ယဥ်တစ်ကိုယ်ခပ်ကျော့
ကျော့လေးအမူအရာလေးဖြင့် ကားပေါ်မှ
ဆင်းလာသည့်ပုံစံလေးက ပန်းနုရောင်ရွှေ
မင်းသားလေးအလား။

ယခုချိန်မှာ တစ်စုံတစ်ယောက်ရဲ့နှလုံးသား
ထက် ပန်းနုရောင်ရွှေမင်းသားလေးကရှိနေ
သည်ပါပဲ။

နက်မှောင်သောဆံနွယ်လေးတွေက ယောကျ်ားလေးတစ်ယောက်ပေမဲ့ နူးညံ့ပျော့
ပျောင်းအိစက်နေ၍ လေပြေတစ်ခါတိုးထိ
တိုင်း တလွင့်လွင့်ဖြင့်။ ဘေးတိုက်အနေနဲ့
တောင်မျက်တောင်ကော့ကောထူထူတွေက
ထင်းနေပေလေသည်။

ဖောင်းဖောင်းတစ်တစ်လေးဖြစ်နေသောပါး
ပြင်လေးတွေနဲ့နှင်းဆီပွင့်ဖတ်လေးတွေနဲ့တူ
တဲ့နီရဲရဲနှုတ်ခမ်းပါးတွေက သခင်ပြန်အလာ
ကိုကြိုလင့်နေကြလေ၏။

ကိုယ်ဟန်နွဲ့နွဲ့ပျောင်းပျောင်းနှင့် စိုလဲ့လဲ့မျက်
ဝန်းအကြည့်တွေက နိူင်းတုမဟာရဲ့ လှပထည်ဝါမူနဲ့ ဆွဲဆောင်မူသိပ်ရှိလွန်းလေသည်။

အပြာရောင်ကောင်းကင်ပြင်ကို မျက်ဝန်းလေးဖြင့်တစ်ချက်စွေကြည့်လိုက်ပြီး တိမ်
ဖြူတွေရွေ့လျားနေသည့်ကြားမှ စွန်ပြာပြာ
တွေ၊စွန်နီနီလေးတွေက တလွင့်လွင့်၊တဝဲဝဲ။

မသိမသာ ဆက်နွယ်ဝင်ရောက်လာတဲ့ခံစား
မူလေးရဲ့ မူပိုင်ရှင်ကို အမှတ်ရသွားစေတဲ့
စိတ်လေးကြောင့် နိူင်း နှုတ်ခမ်းလေးတွန့်ရုံ
မျှခပ်ကွေးကွေးလေးဖြင့်။

ချမ်းသာမူတွေ၊ အုပ်ချုပ်မူတွေရဲ့အောက်မှ
လွတ်မြောက်ထွက်ပြေးပြီးနောက် ချစ်ရသူရဲ့
လက်ကိုရဲရဲကြီးဆုပ်ကိုင်၍ လောကဓံကိုရင်
ဆိုင်ချင်မိလေသည်။

မင်းကော ငါနဲ့အတူဟိုးအဝေးဆုံးထွက်ပြေး
ကြမယ်မလား။

သိပ်ကိုဆွဲဆောင်မူရှိလွန်းလှတဲ့ အချိုးအစား
နဲ့ အရာရာကိုအလွယ်တကူအရှုံးမပေးတတ်
တဲ့မာနရိပ်တွေလွှမ်းနေလေပါတဲ့ မာကျော
ပြတ်သားသူလေးရဲ့ ခြေလှမ်းတွေက ဘုရား
ကျောင်းထဲသို့ဦးတည်ရွေ့လျားလျက်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now