၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?

973 95 2
                                    

Uni

စံအိမ်အသွင်ရှိတဲ့အိမ်ကြီးအိမ်ကောင်းတစ်အိမ်၏ ဧည့်ခန်းထဲမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ထိုနှစ်ဦး၏အလည်မှာ ကျွန်းစားပွဲခုံတစ်လုံးသားခြားနေသည်။ စားပွဲခုံပေါ်၌လည်းအငွေ့တထောင်းထောင်းထွက်နေသည့်ရေနွေးချမ်းခွက်နှစ်ခွက်တင်လို့ထားသည်။

" မြို့အုပ်မင်းက ကျွန်မလိုသေးနုတ်တဲ့အပျော်မယ်ကို အိမ်ထိတကူးတကခေါ်တွေ့ရတယ်ဆိုတဲ့ ဘာများဖြစ်လို့လဲမြို့အုပ်မင်း"

" ဘာဖြစ်လို့ရယ်တော့ မဟုတ်ပါဖူး ဒီဘက်က မိန်းကလေးငယ် ရဲ့ခက်ခဲနေတဲ့ကိစ္စအချို့ကို ကျုပ်က ဖြေရှင်းပေးနိုင်တယ်ဆိုတာအသိပေးချင်လို့ပါ"

" ခက်ခဲတဲ့ ကိစ္စတဲ့လား ကျွန်မရဲ့သေးနုတ်လှတဲ့ညဏ်ရည်က မြို့အုပ်မင်းရဲ့စကားကိုနားလည်နိုင်စွမ်းမရှိတာမို့ မြို့အုပ်မင်းကပဲရှင်းပြပေးနိုင်မလား"

ပါးနပ်တဲ့ညဏ်ရည်ကြောင့်လင်းမြင့်ဇရာမျိုးခပ်ဖွဖွပြုံးမိသည်။သူ့ရနံ့ငယ်က စကားအရာမှာတော်သကိုး။

" သျှင်းကိုမတော်မတရားကျင့်တဲ့လူတွေကိုကျုပ်ဖမ်းစီးပေးနိုင်တယ်"

ထိုစကားကြောင့်အနွယ်ကျွန်းထိုင်ခုံ၏လက်ရန်းကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။

ဤလူက ဘာကြောင့် သျှင်း၏နာမည်ကိုသိနေရသလဲ။ ဘာကြောင့်များလဲ မဟုတ်မှလွဲရောနောက်ကြောင်းကိုစုံစမ်းထားသည်လား။ အနွယ်ထိုလူကိုစူးစိုက်စွာကြည့်မိသည်။

" ကျုပ်က မြို့အုပ်မင်းလေ ကျုပ်သိချင်တဲ့အရာကိုမျက်စိတမှ်ိတ်အတွင်းသိနိုင်ဖို့နည်းလမ်းများစွာရှိတယ်ဆိုတာ ညီမငယ်မေ့နေသလား"

" အဟင်း ဟုတ်ပါ့ရှင် ကျွန်မရှေ့မှာထိုင်နေတဲ့လူက မြို့တစ်မြို့လုံးကိုအစိုးရတဲ့မြို့အုပ်မင်းဆိုတာ‌မေ့သွားတာ ဟားဟား"

" ညီမငယ် သိရင်ရပါပြီ ညီမငယ်ရဲ့သျှင်းရဲ့အမှုက ထင်သလောက်မရိုးရှင်းဖူးဆိုတာညီမငယ်သိသလား.."

" ဘာကိုဆိုလိုချင်တာလဲ မြို့အုပ်မင်း!"

" သျှင်းကို မတော်တရားကျင့်သွားတဲ့လူတွေက မိုးကြိုးနက်ဂိုဏ်းကလူတွေ"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now