အခန်း-(၂၈) လှပမှုဟာ အဆိပ်အတောက်ဖြစ်စေတယ်

190 34 0
                                        

Unicode

အမြဲလိုလို ထူးဆန်းတဲ့ ‌ကျောက်Sကို ကျွန်မကြောက်နေခဲ့ပေမဲ့ ခုချိန်မှာတော့ သူမအတွက် စိတ်ပူလာမိတယ်။

ဒါကြောင့် ကျွန်မ ကျောင်းဆောင်ကို မြန်မြန်ပြေးပြန်လာခဲ့တယ်။ကျွန်မနဲ့ ‌နျွယ့်ကျွမ်းနေတဲ့ အခန်းရဲ့ မျက်စောင်းထိုးက ကျောက်Sရဲ့ အခန်းနေရာပါ။အခန်းတံခါးကို အလျင်စလိုခေါက်လိုက်တော့ သိပ်မကြာပါဘူး တံခါးပွင့်လာပြီး ကွမ်းနျွယ့်ရဲ့ စွဲဆောင်မှုရှိတဲ့ မျက်နှာကပေါ်လာတယ်။အိပ်မှုန်စုံမွားနဲ့ နှိုးလာတာမို့ သူ့မျက်တောင်လေးတွေက မပွင့်တပွင့်ဖြစ်နေတဲ့အပြင် မျက်လုံးလေးတွေကလည်း အူကြောင်ကြောင်လေး ဖြစ်နေရှာတယ်။

သေလိုက်ပါတော့....ဒီကောင်လေးကလေ ဒီလိုတစ်ရေးနိုး အခြေအနေမှာတောင် ပြောမပြတတ်အောင် လှရက်လွန်းနေပါလား။ဒီလိုကျတော့ လောကကြီးက တကယ် မတရားလိုက်တာ။

ကျွန်မ သူ့မျက်နှာကို ငေးကြည့်နေတာမြင်တော့ သူက မျက်လုံးလေးပွင့် ခေါင်းလေးမော့ပြီး အိပ်ချင်မူးတူးနဲ့မေးလာတယ်။

"ရုပ်ဆိုးတဲ့ မိန်းကလေးပါလား...ဒီလို ညသန်းခေါင်မှာ မင်းက ဘာလာလုပ်တာလဲ"

အဲ့ခါမှပဲ ကျွန်မငေးနေတာ အသိဝင်လာပြီး လာရတဲ့ ရည်ရွယ်ချက်ကို ပြန်သတိရတော့ချက်ချင်းမေးလိုက်တယ်။

"ကျောက်S ဘယ်မှာလဲ"

ကွမ်းနျွယ့်က ကျွန်မကို မျက်လုံးကလယ်ကလယ်စိုက်ကြည့်နေရင်းကနေ အခန်းထဲပြန်ဝင်သွားပြီး တံခါးပိတ်ပစ်လိုက်တယ်။ပိတ်ရင်းနဲ့ သူကတိုးတိုးလေး ပြောသွားရှာပါတယ်။

"သူ့အခန်းက ဘေးမှာကို..."

ကျွန်မပဲ အမှတ်မှား‌နေခဲ့တာလား။

ကျွန်မ ခပ်သွက်သွက်ပဲ ဘေးအခန်းက တံခါးကိုခေါက်လိုက်တယ်။အချိန်တော်တော်ကြာတဲ့အထိ ဘာမှမတုံ့ပြန်လာပါဘူး။ကျွန်မ စိတ်ထဲ‌ထင့်လာတယ်။တံခါးလက်ကိုင်ကို လှည့်ဖွင့်ကြည့်တယ်။‌ကျွီ ခနဲမြည်နေရင်းကနေ တံခါးက ဖြည်းဖြည်းချင်းပွင့်သွားတယ်။ပြီးတော့ တိတ်ဆိတ်မှောင်မဲနေတဲ့ အခန်းထဲ ကျွန်မလျှောက်လာခဲ့တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя