Part-12

3.3K 273 12
                                    

<Unicode>
ငယ် ဒီကနေထွက်သွားချင်တာသေချာပြီးလာ"

တစ်မှိုင်မှိုင်ဖြစ်နေသော ထယ်ယောင်းကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းကို ဘိုဂမ်းမသိတော့ပါ။
မေမေကလည်း ထယ်ယောင်းစိတ်နဲ့နေမကောင်းဖြစ်နေသည်။

"သေချာတယ်ကိိုကို"

"ဒါဆိုကောင်းပြီး ကိုကိုမနက်ဖြန်အတွက်ခုပဲလေယာဥ်လက်မှတ်သွားဖြတ်ခဲ့မယ်"

ဘိုဂမ်၏စကားကိုထယ်ယောင်းဘာမှမတုန့်ပြန်မိ။ပြတင်းပေါက်နားတွင်ရပ်နေသည်မှာတစ်နာရီခန့်ပင်ရှိပြီ။ ဘာကိုငေးနေသလည်းတောင် ကိုယ့်ကိုကိုယ်မသိတော့ ။ အတွေးများကတောင်ရောက်မြောက်ရောက်ပင်။

ခြံထဲမှကိုကို့ကားလေးထွက်သွားတာကိုတစ်ဆုံးထိကြည့်နေမိသည်။ မိုးများခပ်ဖွဲဖွဲလေးရွာနေတော့ ဆိုင်ကယ်စီးရင်း ဖက်နေကျခါးတစ်စုံကိုပင်သွား၍သတိရမိသွားပြန်သည်။

အမှတ်သည်းခြေမရှိသောစိတ်ကလေးက တားနေသည့်ကြားထဲမှလက်ကသစ္စာဖောက်ကာ "မောင်"ဆိုတဲ့ Contactလေးကိုဆက်သွယ်မိပြန်သည်။

ဒီတစ်ခါလည်းလူကြီးမင်းနဲ့ထပ်တိုးပြန်သည်။ ခါးခါးသီးသီးရယ်နေမိသည်။ ဒီလောက်ဆို သူထွက်သွားဖို့လုံလောက်ရောပေါ့။

"အမှတ်သည်းခြေမရှိလိုက်ပုံများကင်မ်ထယ်ယောင်းရယ်"

ဒေါက် ဒေါက်!

တံခါးခေါက်သံကြောင့် အတွေးများကပြန်စုစည်းသွားသည်။

"သားငယ် မေမေဝင်ခဲ့မယ်နော်"

"ဟုတ်မေမေ"

မေမေက လူကြီးပိုင်းသို့ရောက်နေပြီးဖြစ်တာကြောင့် အနည်းငယ်တော့ချူချာသည်။ ခုလည်းနေကောင်းတာမဟုတ်ပဲနဲ့ သူ့ကိုလာကြည့်ပြန်ပြီ။

"ဖျားနေတာကို အေးဆေးအိပ်နေမှပေါ့မေမေရယ်"

"မေမေကအဆင်ပြေပါတယ် သားထွက်သွားမှာသေချာလာ ဟိုကောင်လေးကိုရော သွားမတွေ့ကြည့်တော့ဘူးလာ"

မေမေရဲ့စကားကိုကြားတော့ထယ်ယောင်းပြုံးမိသည်။ သဘောကျတဲ့အပြုံးတော့မဟုတ်။နာကျဥ်းရိပ်တွေအနည်းငယ်သမ်းနေသည်။

Loading..Where stories live. Discover now