အပိုင်း(17)Un

3.4K 329 13
                                    

" ဟား ဟား

နွေဦး‌မနေ့က အကြောင်းကို ကျောက်ခဲကိုပြောပြတော့ကျောက်ခဲဆိုတဲ့ကောင်လေးက အားရပါးရနဲ့အော်ရီနေလေ၏

ဒီနေ့ကကျောင်းပိတ်ရက်မလို့ အိမ်မှာတစ်ယောက်ထဲထိုင်နေရတာပျင်းတာနဲ့ ကျောက်ခဲကိုခေါ်ပြီး စကားပြောနေကြတာဖြစ်သည်။

"ကိုကြီးခွပ်ဒေါင်းက အဲ့လိုဘဲဗျ လူကသာ ထန်းရေသောက် ဖဲရိုက်နဲ့မလို့ လူမိုက်လို့ထင်ရပေမဲ့ တကယ်တန်းကျ  စိတ်က ကလေးစိတ်နဲ့ ပြီးတော့ ပေါကလဲပေါသေးတယ်

ကိုကြီးခွပ်ဒေါင်းသာဒီစကားကိုကြားရင် ကျုပ်ကိုထိုးလောက်မှသေချာတယ်

" အဲ့လို ငပေါကို ကြိုက်တဲ့သူရှိတာ အံ့ဩတယ်

"  ကိုကြီးခွပ်ဒေါင်းကရုပ်ချောတာကို ကိုကြီး ခွပ်ဒေါင်းသာ သပ်သပ်ရပ်ရပ် ဝတ်စားလိုက်ရင်  ရုပ်ရှင်မင်းသား နေတိုး တို့ ဟိန်းဝေယံတို့နေခဲ့တော့ဘဲ

"  အော် အော်

" ပြီးတော့ ရှိသေးတယ်နော် ဒီရွာက အချောအလှလေးဖြစ်တဲ့ မမနံ့သာဆို ကိုကြီးခွပ်ဒေါင်းကိုကြိုက်နေတာ ကိုကြီး ခွပ်ဒေါင်းကသာ ပြန်မကြိုက်လို့

"ဟုတ်လား

နွေဦးအပြောကိုခေါင်းယမ်းပြီး လက်ဖက်ပန်ကန်ထဲကနေ လက်ဖက်တစ်ခွန်းကိုခပ်ပြီး ပါးစပ်ထဲအပြည့်ထည့်ပြီးတော့

" ဟုတ်တယ်ဆရာလေးရဲ့ မနံ့သာက  ဒီရွာမှတင်မကဘူး ဘေးရွာက သူတွေထက်တောင် ပိုလှတာ ပညာကလဲတက်ဘူး အရမ်းနူးညံ့သိမ်မွေ့နေတာ

‌ကျောက်ခဲစကားကိုကြားပြီး နွေဦးနံ့သာဆိုတဲ့ကောင်မလေးကို မြင်ဘူးချင်သွားတယ် ဒီလိုအချောအလှလေးက ကြိုက်တာတောင် ပြန်မကြိုက်ဘူးတဲ့ အံ့ဩတယ်

"ဒါနဲ့ဆရာလေး ကျွန်တော်က လယ်ထဲသွားအုံးမှာ ဆရာလေးပျင်းရင်လိုက်ခဲ့ပါလား

လုပ်စရာမရှိတာနဲ့အတူတူနွေဦး လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်

"အကိုလိုက်ခဲ့မယ် ခဏလေး ဦးထုပ်သွားယူလိုက်အုံးမယ်

"အဲ့တာဆို နွားတွေ သွားဆွဲလိုက်အုံးမယ်

ဒေါင်းWhere stories live. Discover now