အပိုင်း(၅၃)

9.2K 663 77
                                    


" ဒယ်ဒီ"

" ဗျာ...ပြောလေ သားငယ် "

" လာပါအုံး သားရယ် ဒယ်ဒီ အားရပါးရ ဖက်ပါရစေအုံး ဗျာ...ဒယ်ဒီသားက သိပ်ချစ်စရာကောင်းတာ ....သားကြီးလာရင် သားနှစ်သက်တာ အားလုံး သားလက်ထဲ အမြဲရ စေရမယ် နော် ...ဒယ်ဒီက အကုန်ဖြည့်ဆည်းပေးမယ် "

" ဟုတ်....ဒယ်ဒီ...ဟ်ု...ဟို...သားသား ပြန်တော့မယ်..."

" ဘာလို့လဲ သားရ ...ခုခဏလေးရှိသေးတာလေ..ဒယ်ဒီ သားက်ိုတွေ့မဝသေးဘူး လေ.."

ကားတံခါးကို ဖွင့်ထားပြီး သားကို ပေါင်ပေါ်တင်ကာ ထွေးပွေ့ထားမိသည်။ အဝါရောင် shirt လေးဖြင့်လိုက်ဖက်စွာ အဖြူရောင် ဘောင်းဘီအတိုလေး ၊ shoe အဖြူလေးစီးထားတဲ့သားငယ်က ကလေးငယ်ကိုယ်ပွါးလေး ၊ အရောင်ဖျော့ဖျော့လေးကို မရိုးနိုင်သော အဖြူရောင်လေးတွေဖြင့်တွဲဖက်ဝတ်ဆင်တက်သော ကလေးငယ်အကျင့်လေးတွေ ပုံတူပွါးထားသည့်အလား ချစ်မဝပါသော သားငယ် ကိုယ်လေးကို ရင်ခွင်ထဲ ထည့်ပြီး သားငယ် ဆံစ,လေးကို ပါ မကျန်နမ်းရိူက်မိသည်။

သားငယ်ကို ပွေ့ပိုက်ထားရင်း လက်တစ်ဖက်ဖြင့် ဘေးခုံပေါ်က ပါကင်ဗူးလေးကို သားငယ်ဆီပေးမိသည်၊ လက်ခံရခက်သော အခြေအနေမှာ သားငယ်နားလည်ထားသလို ကိုယ်တိုင်လည်းသိထားသည်။ ပြေလည်ဖို့ကြိုးစားနေစဉ် ကျွန်တော်တို့ကြားက ပြသာနာက သားငယ်နှင့်မဆိုင်ပြီ ကလေးငယ်ကျေနပ်အောင် တောင်းပန်ရင်း သားငယ်ကိုလည်းပျော်စေရမည် ရည်ရွယ်ပြီး အရင်လ ကတည်းက ထက်ပိုင်အကူအညီဖြင့် order မှာယူထားသော နာမည်ရ limited edition ကလေးကစားစရာ set မျိုးစုံပါသည့် ပါကင်ဗူးလေးကို သားငယ်လက်ထဲ ထည့်ပေးနေမိသည်။

" ယူပါ သားငယ်ရယ်...ပါးပါး ဆူမှာဆိုးနေလား ဟင် "

" ဟို...ဟိုလေ..."

"အင်း..ပြောလေ သားငယ် "

" မနေ့က ဖိုးဖိုးကျော် ဝယ်ပေးထားတယ်အများကြီး ဒယ်ဒီ ...နောက်ပြီး ပါးပါးသိရင်..."

" မဆူပါဘူးသားရ ...သားငယ်ကို ဘယ်သူမှ မဆူဘူးနော် ..ဒါ ဒယ်ဒီလက်ဆောင်လေ "

" မဆူလောက်ဘူးလား ...ပါးပါး သိရင်စိတ်ညစ်နေမလား ဟင် ...ဒယ်ဒီ "

ချစ်ခြင်းတို့အလွန် Where stories live. Discover now