Chapter - 11

11.9K 1.9K 46
                                    

Unicode

ဖုလောင်ရှီးရဲ့အထင်ရော
____________________

စင်ပေါ်မှာမတ်တပ်ရပ်နေတဲ့ဂျန်ရှင်းဆွေ့က နည်းနည်းစိတ်လှုပ်ရှားနေတဲ့အတွက် ချီတုံချတုံနဲ့သက်ပြင်းချလိုက်လေတယ်။

"ကျွန်...ကျွန်တော်ဒီကိုလာတာ ဘာလို့လဲဆိုတော့..." ဂျန်ရှင်းဆွေ့စကားပြောတာတစ်ဝက်မှာတင်ရပ်လိုက်ပြန်တယ်။ သူချီတုံချတုံဖြစ်နေတဲ့ပုံစံက လူအများကိုစပ်စုချင်စိတ်ဖြစ်ပေါ်လာစေတယ်။

liveကြည့်နေကြတဲ့ ပရိသတ်တွေကလည်း အရှေ့ကဖျော်ဖြေမှုတွေကြည့်ပြီးတော့ ပျင်းပြီးအိပ်ချင်နေကြပြီ။ ဒါပေမဲ့ဂျန်ရှင်းဆွေ့ချီတုံချတုံဖြစ်နေတာက အားလုံးရဲ့စိတ်တွေကို ဆွဲဆောင်သွားခဲ့တယ်။

"ငါစိတ်တွေအရမ်းခုန်နေတယ်"

"ဘာဖြစ်တာလဲ?"

"ဟားဟား စိတ်ခုန်လို့သေတော့မှာပဲ"

ဟာသလောကမှာဆရာကြီးဖြစ်တဲ့ hostလီလောင်ရှီးက ဟာသပြောလိုက်တယ် "ဒီလောက်အကြာကြီးစဉ်းစားဖို့လိုတာလား? ဒီလောက်ချီတုံချတုံဖြစ်ပြီး လေးလေးနက်နက် ဖြစ်တဲ့အဖြေဆိုတော့ မင်းရဲ့အဖြစ်ချင်ဆုံးအရာက ပွဲဦးထွက်ဖို့မဟုတ်ပဲ တစ်ခါတည်းတန်းပြီး အော်စကာဆုရဖို့များလား?"

တခြားသူတွေကလည်း တဟားဟားနဲ့ရယ်ကြလေတယ်။

ဘာလို့ဆိုအားလုံးအမြင်မှာ ဒီကိုလာတဲ့traineeတွေက ပုံမှန်ဆိုပွဲဦးထွက်ဖို့နဲ့ အရမ်းတော်တဲ့trianeeဖြစ်ဖို့အပြင် ဘာဖြစ်ချင်တာများရှိမှာမလို့လဲ။

ဖုကျင်းရှောင်းကဂျန်ရှင်းဆွေ့ ချီတုံချတုံဖြစ်နေတာတွေ့တော့ ရုပ်ရှင်ဧကရာဇ်ကမိုက်ခ်ယူလိုက်ပြီးတော့ မျက်လုံးတွေကိုမြင့်မြှောက်လိုက်ကာ ဖြည်းညှင်းစွာပြောလာခဲ့တယ် "မင်းစိတ်ထဲမှာရှိတဲ့အတိုင်းပြောရင်ရပြီ"

ရုပ်ရှင်ဧကရာဇ်ကြီးက ဒီစကားကိုပြောတာ သူ့ကိုစိတ်မလှုပ်ရှားအောင် နှစ်သိမ့်ပေးချင်တာဖြစ်နိုင်တယ်။ သူမသိတာကတခြားပြိုင်ပွဲဝင်တွေရဲ့နားထဲမှာတော့ ဒီစကားကအားပေးတဲ့စကားဖြစ်ပေမဲ့ ဂျန်ရှင်းဆွေ့ရဲ့နားထဲမှာတော့ တခြားအဓိပ္ပာယ်ကိုလုံးဝပြောင်းသွားတော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now