Chapter 1​(ပန်း​ယောင်​ဆောင်​နေပါ​သော အရိုင်းပန်း​လေးတစ်ပွင့် )Unicode

16.9K 668 15
                                    

⚠️(Blood violence and sexual warning)
.
.

"အားး...မီးဗျို့..​ပြေး...​ပြေးကြ "

တော်ဝင်နန်း​​တော်တစ်ခုလုံးဟာ အနီ​ရောင်လွှမ်းလျက်

ပူပြင်းစွာ​​တောက်​လောင်​နေ​သော မီး​တောက်မီးလျှံများဟာ ငရဲပင်လယ်သကဲ့သို့ပင် အတိဖုန်းလွှမ်း​နေခဲ့၏။

မာရသွန်အ​ပြေးသမား​တောင် မလွတ်​မြောက်နိုင်တဲ့ ထိုငရဲမီးတို့ဟာ ​ပြေးလွှား​နေ​သောလူသားတို့ရဲ့ ​ခြေ​ထောက်ကို အလျင်အမြန် သက်ရှိ အနွယ်များဟန် ရစ်​ခွေကာ ဖမ်းဆွဲ​ပြီး အ​​သွေးအသားတို့သာမက အရိုးအ​​​ရေပါ မကျန် ​လောင်မြိုက်​​စေသည်။

ကြီးမြတ်လှ​သော ​တော်ဝင်နန်း​တော်ဆိုသည်မှာ ယခုအချိန်တွင် ငရဲအသွင် လုံးလုံး​ပြောင်းလဲသွားရ​ချေပြီး ကြက်သီးဖြန်းဖြန်းထစရာ​ကောင်း​သော အသံနက်ကြီးများက အလုံးရင်း ​အော်ဟစ်ကြကုန်၏။

​ယောက်ျားသည်လား မိန်းမသည်လား ​ဝေခွဲမရ​အောင်ပင် ​အာ​ခေါင်ကုတ်ခြစ်​အော်ဟစ်သံတို့မှာ ပူ​လောင်နာကျင်မှုတို့မှ အသည်းသန် ထွက်​ပြေးရုန်းကန်​နေကြရသည့်အလား.. သို့​သော် လွတ်​​မြောက်ခြင်းဟူသည်
မရှိ။..ထိုသူတို့ဟာ မဲညစ်​သော ပြာ များအသွင်သာ ​ပြောင်းလဲကုန်ကြ​လေပြီ။

​ရေကြီးလျင် မီးမနိုင်..မီးကြီးလျင် ​ရေမနိုင် ဆိုသကဲ့သို့ မည်မျှပင် ငြှိမ်းသတ်​စေကာမူ.. ​ရေဟူသမျှ အ​ငွေ့ပျံခဲ့ရုံသာ ..မိုး​ကောင်းကင်ထိတိုင်​တောက်​လောင်​သော မီး​တောက်ကြီးများက ငြိမ်း​သေသွားခြင်းမရှိခဲ့။

ဘုရင်အိုကြီးဟာ ကြမ်းပြင်တွင် တရွတ်တိုက်ဆွဲ တွားသွားရင်း ​ပြေး​နေခဲ့၏။

သူအားလွတ်​မြောက်​အောင် ကူညီ​​ပေးမည့် အ​စေခံ၊ သက်​တော်​​​စောင့် နှင့် အ​​စောင့်အကြပ် အမှူးမတ် မှန်သမျှဟာ.. သူ၏​ဘေးတွင် ​မီးကျွမ်းကာ မဲပြာကျသွား​သော မဲ​ခြောက်​ခြောက်ရုပ်အ​လောင်းများသာ။

တစ်​ယောက်မှ အသက်ရှင်မကျန်ကြသလို ထိုသူတို့၏ မီးကျွမ်း​နေ​သော လက်မဲမဲကြီးများက သူ့ထံသို့သာ ဆန့်တန်း​နေလျက်..ပါးစပ်များက "မင်းကြီး" ဟူ​သော ဆန့်ငင်ငင်​ ငို​ကြွေး သံတစ်ခုကို ပြုလုပ်​နေသလို.. ဘုရင်ဟာ မီးလျှံများလက်မှ ​ပြေး​နေရသလို ထို ​ကြောက်စရာ ရုပ်အ​လောင်း​တွေထံမှလည်း ​တစ်နည်းတစ်ဖုန် ​ပြေး​နေမိ၏။

The Night Flower 🔞 Where stories live. Discover now