Cha-53

6.3K 1.2K 63
                                    

[Unicode]

ယွီချင့်ဟွမ်မှာ ရှော့ခ်ရသွား၏။ ဟော်ချွီက ဘယ်တုန်းကစပြီး ခုလိုစကားထောင်ချောက်တွေသုံးတတ်ဖို့သင်ယူခဲ့သလဲ? သူဒါကိုဘယ်လိုပြန်ဖြေရပါ့?

သူတာဝန်မယူဘူးလို့ပြောလိုက်ရင် သူ့စကားသူမတည်တဲ့သဘောဖြစ်နေမယ် မဟုတ်ပါလား? သို့ပေမယ့်​ ဒီကိစ္စအတွက် သူတာဝန်ယူမယ်လို့ဆိုလိုက်ပြန်ရင်​​လည်း နောက်ဆက်တွဲကိစ္စရပ်တွေက ပိုလို‌တောင်ရှုပ်ထွေးလာလိမ့်မည်ပင်...။ယခုညအ​ခြေအ​နေက ထိန်းမနိုင်သိမ်းမရဖြစ်လာမည်ကို သူစိုးထိတ်နေတော့သည်။

ယွီချင့်ဟွမ်သည် ခေတ္တမျှဆွံအနေမိ၏။ဟော်ချွီအားစိုက်ကြည့်နေရင်း အချိန်တခုကြာသည်အထိ ဘာမှပြန်လည်မတုံ့ပြန်ခဲ့ပေ။

ယွီချင့်ဟွမ်၏ရုပ်ဆင်းသွင်ပြင်မှာ လှပသောအမျိုးသား၊အမျိုးသမီးပေါင်းများစွာရှိသည့် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲတွင်တောင်မှ အထူးတလည်ထင်ပေါ်လျက်ရှိသည်။

သူ၏မျက်နှာသွင်ပြင်မှာ မှင်တံကိုမှင်စွတ်ပြီး တစ်စုံတစ်ဦးမှဂရုတစိုက်ခြယ်မှုန်းထားသည့်အလား နေရာတိုင်းတွင်တိတိပပကောက်ကြောင်းပေါ်လျက်ရှိနေ၏။

နှာတံခပ်မြင့်မြင့်မှာဖြောင့်တန်းနေပြီး နှုတ်ခမ်းသားထူထူဖြင့်ဝန်းရံထားသည်။ သူ၏နူးညံ့သိမ်မွေ့သောမျက်ဝန်းအစုံမှာ စွဲမက်ဖွယ်ကောင်းလွန်းကာ ရှည်လျားထူထပ်သောမျက်တောင်များကတော့ သာသာလေးကော့ညွတ်နေပြီး လှပသောအချိုးအကွေ့တို့ဖြင့်ဘောင်ခတ်ခြံရံထားရှိလျက်။

ထိုအခိုက်အတန့်တွင် သူဟာဆိုဖာပေါ်တွင်ထိုင်နေပြီး တောက်ပသောအလင်းရောင်မှာ သူ့မျက်ဝန်းများထက်ဆီသို့ သက်ဆင်းကျရောက်လျက်ရှိသည်မှာ ကောင်းကင်တစ်ခွင်လုံးဖြန့်ကျက်နေသော အလွန်တရာစွဲမက်ဖွယ်၊ရှုမငြီးစဖွယ် ပြိုးပြိုးပြက်ပြက်ကြယ်စင်များအလား။

ဟော်ချွီသည် လောင်ကျွမ်းတောက်လောင်လျက်ရှိသော ပြင်းပြင်းပြပြစိတ်ခံစားချက်တို့ဖြင့် တဖက်သူ၏မျက်ဝန်းတွေထဲဆီသို့စိုက်ကြည့်လျက်ရှိသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now