အခန်း-(၃၂) နယ်စပ်တော

187 35 0
                                        

Zawgyi

အခန်း-(၃၂) နယ်ပ်တော

တောင်ဘက်သစ်တောက ပြည့်ကြပ်ထူပိန်းနေအောင်ပေါက်‌နေကြတာမို့ ကျွန်မတို့သုံးယောက်လုံး ဖြတ်လာရတာ ခက်ခဲပင်ပန်းခဲ့ပါတယ်။ကျဲပဦးဆောင်တာနောက်လိုက်လာရင်း ကျွန်မတို့တွေ သစ်တောအလွှာ တစ်ခုပြီးတစ်ခုဖြတ်ခဲ့ကြတယ်။ကျွန်မတို့ လျှောက်လာလေ လမ်းကြောင်းကပိုပြီး ခက်ခဲပင်ပန်းလာလေပါပဲ။‌လှုပ်ရှားလိုက်တိုင်း သစ်ပင်နှစ်ပင်ကြားမှာ ကျွန်မတို့ကိုယ်က ညှပ်ညှပ်လာတယ်။

သုံးနာရီ‌ကြာလျှောက်လာပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ ပြည့်ကြပ်နေတဲ့ နောက်ဆုံးသစ်တောလွှာနေရာကို ရောက်လာခဲ့ကြတယ်။သစ်ပင်တွေက အလျားလိုက်ပေါက်နေကြပြီး ဘေးချင်းကပ်နေကြတာမို့ တစ်ဖက်ခြမ်းကို သေချာမမြင်နိုင်ပါဘူး။အထူးသဖြင့် သစ်ပင်ရဲ့အကိုင်းအခက်တွေက တစ်ခုနဲ့တစ်ခု‌ ရောထွေးနေပြီး ကြည့်ရတာ တစ်ပင်ထဲ‌ကနေပေါက်လာကြတဲ့ပုံပါပဲ။

ရှေ့ဆက်သွားလို့မရတာကြောင့် ကျွန်မတို့တွေ သစ်ကိုင်းတစ်ခုကိုဖြတ်ဖို့လုပ်တယ်။ဒါကြောင့် ကျွန်မလက်က အင်္ကျီကိုပင့်ပြီး အလုပ်စမယ်ပြင်တော့ ကျွန်မဝတ်ထားတဲ့ သွေးနီရောင် ဂါဝန်က လက်ရှည်အင်္ကျီမဟုတ်ပါလားဆိုတာ သတိထားမိတော့‌တယ်။ခပ်တည်တည်နဲ့ပဲ ကျွန်မကြာပွတ်ကိုဆွဲထုတ်ပြီး ကျဲပနဲ့ နျွယ့်ကျွမ်းကို နောက်ပြန်ဆုတ်ခိုင်းလိုက်တယ်။

ကျွန်မလက်မြှောက်ပြီးတော့ ကြာပွတ်နဲ့ သစ်ပင်ကိုချိန်လိုက်တယ်။ပြီးတော့ စိတ်စွမ်းအားထည့်ပြီး ကြာပွတ်နဲ့ အရှိန်ပြင်းပြင်းရိုက်ချပစ်လိုက်တယ်။

"ဖောက်! ဖောက်! ဖောက်"

ကျွန်မ ရိုက်ချလိုက်တာနဲ့ လေထဲမှာ ခရမ်းရောင် အလင်းတန်းသုံးခုပေါ်လာတာကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေမိတယ်။အလင်းတန်းပျောက်သွားတာနဲ့ ကျွန်မသစ်ပင်တွေကို သေချာဂရုစိုက်စစ်‌ဆေးကြည့်တယ်။

ဘုရားရေ! ကျွန်မ သစ်ပင်ငါးပင်ကို ချိန်ပြီးရိုက်ခဲ့ပေမဲ့ သူတို့တွေက တစ်လက်မမှ မရွေ့သွားကြပါဘူး။ကျွန်မ မျက်နှာရှုံ့မဲ့မိတယ်။သစ်ပင်တွေပေါ်မှာ ကြာပွတ်ရဲ့ အလင်းတန်းအရာကလွဲရင် ဘာမှမရှိပါဘူး။ဒါကြောင့် ကျွန်မစိတ်စွမ်းအားတွေ ထပ်ထည့်ပြီး ရိုက်ကြည့်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now