Chapter - 45

15.1K 796 71
                                    

တိုစဉ်အခန်းထဲသို့ ဆရာမတွေဝင်လာပြီး မုန့်ဖုတ်ဖို့ပြင်လေတော့သည် ။

" ကလေးတို့ပြီးပြီလား "

" ပြီးပါပြီ "

ဧကရာဇ်မောင်တစ်ယောက် ပြန်ပြင်ဆင်ဖို့နောက်ကျသွားလေပြီ ။ အားလုံးက သူတို့စိတ်ကြိုက်ပုံဖော်ထားတဲ့အရုပ်လေးတွေကို အစဉ်လိုက် ဗန်းလေးထဲထည့်ကာ ဖုတ်ဖို့ပြင်နေကြပြီ ။ ဧကရာဇ်မောင်လဲ ကုကုလေးလုပ်ထားတဲ့ ပန်းလေးဘေးမှာအသဲပုံကိုထားလိုက်သည် ။

မုန့်ဖုတ်စက်ထဲထည့်ပြီးသွားတော့ ဘယ်လိုပုံစံနဲ့ထွက်လာမလား အားလုံးက ရင်ခုန်စွာနဲ့စောင့်နေကြသည် ။ ဧကရာဇ်မောင် အပါအဝင်ဖြစ်သည် ။ သူ့ဘဝမှာ ယခုလိုကလေးဘဝရဲ့ ပျော်ရွှင်မှူမျိုးနဲ့ဆင်တူစွာ ပြန်လည်ရရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

" ဦးဦးကြည်နေ … သားသားဟာကအလှဆုံးဖြစ်မှာ "

ကုကုလေးက တက်ကြွစွာပင် ပြောနေသည် ။ သွေးသားရဲ့ဆက်နွယ်မှုကြောင့် ကုကုလေးက ဧကရာဇ်အနားကမခွာပဲ အလွန်ခင်မင်ရင်းနီးနေသည် ။ ဧကရာဇ်မောင်လဲ သားလေးရဲ့နွေးထွေသည့်ရင်နီးမှုတွေနဲ့ နေသားကျလာခဲ့ပြီ ။

" ဟုတ်ပါပြီ … ဦးဦးဟာကလဲ သားဟာထက်မညံ့စေရဘူး "

သားအဖ ၂ ယောက်ရဲ့ တူညီတဲ့ အရှုံးမပေးလိုစိတ်တွေက အလွန်နွေးထွေးလှသည် ။ ခနကြာတော့ မုန့်ဖုတ်စက်အတွင်းကနေ ဖုတ်ပြီးသွားတဲ့မုန့်တွေထွက်လာသည် ။

ကုကုလေးနဲ့ ဧကရာဇ်မောင်ရဲ့မုန့်တွေက အားလုံးထဲမှာ အကြီးဆုံးဖြစ်လို့နေသည် ။ ထွက်လာတဲ့မုန့်တွေက အချောမသပ်ရသေး၍ အလှဆုံးမဖြစ်သေးပေ ။

" အားလုံးပဲ မုန့်ပေါ်မှာ ခရမ်နဲ့ချိစ်တွေအလှဆင်ကြမယ် "

မုဒြာက ခရမ်ရဲ့အရသာတွေကိုရှင်းပြပြီး ကလေးတွေပန်းချီသင်သလိုမျိုး ဘယ်လိုအလှဆင်ရမလဲအသေးစိတ်ရှင်းပြကာ မိမိစိတ်ကြိုက်အရသာကိုရွေးချယ်ပြီးအလှဆင်ခိုင်းလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now