Chapter 2 (အရှင်ဘုရင် ဟာ ပန်းတစ်ပွင့် အား အိမ်မက် မက်၏)Unicode

11.2K 677 37
                                    

နှုတ်ခမ်းနီရဲရဲဆိုးထားပြီး အနီနဲ့ အနက်ကို ​ရောယှက်ကာ ပန်းကနုတ်တို့ဖြင့်ပုံ​ဖော်ထား​သော ဝတ်စုံနှင့် လွန်စွာ ကျက်သ​ရေရှိလှသည့် အမျ်ုးသမီးတစ်ဦး

ထို အမျိုးသမီးဟာ ပြီးခဲ့တဲ့ညက ချွန်းဟွာရဲ့ ​ဖျော်​ဖြေမှုကို ​တွေ့ပြီး သ​ဘောကျ​နှစ်သက်​သော​ကြောင့် လိပ်စာစုံစမ်းကာ လိုက်လာသည့်ပုံပင်။

" အာ..အရင်မိတ်ဆက်ပါရ​စေ..တို့က ရှန်းယွီ ​ဆောင်ကြာမြိုင်ရဲ့ပိုင်ရှင်..မိုယွီ လို့​ခေါ်ပါတယ်..."
.
.
ချွန်းဟွာ ဟာ ပြန်​မေး၏။

"​ရှန်းယွီ ဆောင်ကြာမြိုင် က ပိုင်ရှင်က ဘာလို့ ?"

ရှန်းယွီ ​ဆောင်ကြာမြိုင်..တစ်နည်းအားဖြင့် အ​ပျော်မယ် ​ဂေဟာ.. ထို​​ဂေဟာ က ဟုန်ရီ တိုင်းပြည်၏ အထင်ကရ ​နေရာတစ်ခုဖြစ်​ချေ၏။

ကူးသန်းသွားလာ​ရေး ကုန်သည် တိုင်းတစ်ပါးသားတို့ ရဲ့ အာရုံကို အထူးစွဲ​ဆောင်နိုင်ပါ​သော ​နေရာတစ်ခု..

ဟုန်ရီ​မြေကို ​ခြေချ​သော ​ယောက်ျားတိုင်း ရှန်းယွီသို့ လည်ပတ်မသွားခဲ့မိလျင် ​ယောက်ျားမစစ် ဟူသာ ​ပြောစကား​တောင်ရှိသည်။

​ထင်​ပေါ်​ကျော်ကြားလှ​​သော မိန်းမလှ​လေးများ စု​ဝေးရာ ရှန်းယွီ က အင်မတန် ကြီးကျယ်ခန်းနားလှ​သော ​ဆောင်ကြာမြိုင်တစ်ခု​ပေ။

​တည်းခိုးခန်း​ပေါင်း ၅၀ ​ကျော်နှင့် အဆင့်တန်းလိုက် အသီးသီးခွဲထား​​သော အခန်းပြင်ဆင်ပုံတို့အပြင် လာ​ရောက်လည်ပတ်​သော ဧည့်သည်​တော်များရဲ့ အသည်းစွဲက ရှန်းယွီ ​ဆောင်ကြာမြိုင်ရဲ့ ရင်သက်ရှု​မောစရာ ကပွဲသဘင် အခမ်းနားပင်။

ထို ​ဖျော်​ဖြေ​ရေးပွဲသဘင်ဟာ..ရက်ကြီးခါကြီးနှင့် အထူးဧည့်သည်တို့ လာတည်းတဲ့အခါ မကြာခနပြုလုပ်​လေ့ရှိပြီး.. လူတိုင်းလက်လွှတ် မခံနိုင်အပ်​ပေသော ပွဲသဘင်တစ်ခုပင်။

အ​တော်ဆုံး ​​တေးဂီတ တူရိယာ ပညာရှင်များရဲ့ ​ဖျော်​ဖြေတင်ဆက်မှု​တို့နှင့် အတူ အလှပဆုံး​သော က​ချေသည်မ ​လေးများဟာ မလုံခြုံ​သော အဝတ်စားတို့ကို ဆင်မြန်းပြီး ရမ္မက်ကြွ​စေ​​သော ကကွက်အလှတို့ကို ကပြ​လေ့ရှိကြသည်။

The Night Flower 🔞 Where stories live. Discover now