Chapter -29
7.6K 1.1K 23
Zawgyi
ဒဲလ်အင်ပါယာကြီးအတွင်း၌ မွန်မြတ်သည့်နယ်မြေနှစ်ခုနဲ့အခြားနယ်မြေကြီးငါးခုနဲ့ဖွဲ့စည်းထားပြီး နယ်မြေငါးခုဆီမှာ အင်ပါယာကို ကာကွယ်ပေးသည့်ဂိတ်တံတားကြီး ငါးခုရှိသည်၊အင်ပါယာမင်းနေထိုင်ရာနယ်မြေကတော့ မွန်းထရီးနယ်မြေနဲ့တိုရစ်ရာနယ်မြေကြားက တော်ဝင်မြို့တော်ဖြစ်ပြီး လက်ရှိဒန်နာရီတို့သွားမည့်နေရာကတော့ မြောက်ပိုင်းရပ်ဝန်းမှာတည်ရှိသည့်ယူနိုရက်စ်နယ်မြေဖြစ်တယ်၊
ယူနိုရက်စ်နယ်မြေဟာ တစ်နှစ်ပတ်လုံးဆောင်းရာသီဖြစ်ပြီး နေရောင်ခြည်ကိုမြင်ရဖို့ပင် ရှားလှသည်၊ဒါကြောင့် ထိုနေရာမှာ ဆိုးသွမ်းတဲ့မှော်ဆရာတွေသာမက နတ်ဆိုးတစ်ချို့ပင် ရှိနေတတ်ပြီး တစ်နှစ်ပတ်လုံး မိစ္ဆာတွေနဲ့တိုက်ခိုက်နေရတာကြောင့် ငရဲဂိတ်လို့ ခေါ်တွင်ကျသည်၊
လက်ရှိမှာတော့ သူတို့ဟာ သရီးနိုရက်နယ်မြေကို ဆက်လက်ခရီးတွင်နေတော့သည်၊အကုန်လုံးဟာ ပင်ပန်းနေကျပေမယ့် ရက်နားခြင်းမရှိသွားနေတော့သည်၊ညဘက်ရောက်သည့်အခါမှာ ပိုမိုဆိုးဝါးလာနိုင်တာကြောင့် ​နေမဝင်ခင်မှာ ရောက်ရန် အတတ်နိုင်ဆုံးခရီးနှင်နေကျတော့သည်၊
ဒန်နာရီဟာ နာရီးနိစ်(summer spirit)ပေးထားတဲ့ ခရမ်းပြာနုရောင် ဂန္ဓမာပန်း(Lavender Chrysanthemum)ကိုထုတ်လိုက်ပြီးနောက်မှာ ပန်းခတ်သေးသေးလေးတွေ ချိုးယူလိုက်သည်၊နာရီးနိစ်ဟာ ထိုလိုအပြုအမူကို မကြိုက်နှစ်သက်ပေမယ့် ဒန်နာရီဟာ ရှင်းပြထားပြီးပြီဖြစ်သည်၊ဒီလမ်းခရီးဟာ ကြမ်းတမ်းလှတာကြောင့် သူတို့မှာ Manaပြန်ဖြည့်ချိန်ရှိမည်မဟုတ်တာကြောင့် ယခုလိုအသုံးပြုရခြင်ဖြစ်ကြောင်းကိုပေါ့၊နောက်တစ်နည်းကတော့ ပန်းခတ်တိုင်းမှာ အန်ဂနိုရာကျောက်ထဲရှိတဲ့အလင်းစွမ်းအားတွေ နည်းနည်းဆီထည့်သွင်းထားသည်၊ဒါဟာ အနည်းဆုံးတော့ အမှောင်စွမ်းအားတွေ တစ်ကြိမ်တော့ကာကွယ်ပေးနိုင်သည်၊
ဒန်နာရီဟာ သူ့အစ်ကိုကို အစောင့်အရှောက်တိုင်းကိုပေးခိုင်းလိုက်တော့သည်၊ဆိုရက်စ်ဟာလည်း ဒီပန်းရဲ့အကြောင်းနားလည်သဘောပေါက်သည်၊တော်ဝင်မင်းသားနဲ့လေ့ကျင်ရာကို လိုက်သွားတုန်းက ဒီပန်းကြောင့် သူဟာ အမြဲစွမ်းအားပြည့်နေသလိုခံစားရပြီး ဒီပန်းဟာ သူ့အားအမြဲစွမ်းအားဖြည့်စွတ်ပေးနေခဲ့သည်၊ဒါကြောင့် သူဟာ အစောင့်အရှောက်တွေကို ရှင်းပြလိုက်ပြီး ပန်းခတ်ကိုဆောင်ထားရန်ပြောလိုက်သည်၊