"သြော် သက်ထားဖြူ..."
ဖြူလှည့်ကြည့်လိုက်စဥ်မှာ ချက်ချင်းပဲ ဖြူ့ကိုမှတ်မိနေတဲ့ သမီးငယ်ဆိုသည့် မိန်းမဟာ သူ့ရှဥ့်လေးကိုလေးသတ်တာ ဖြူမှန်းတော့ သိမည်မဟုတ်ပါလေ။
"မမသမီးငယ်...."
"ညီမလေးတို့က သိနေကြတာလား။ "
"အင်း...ငယ့်တို့တစ်ခါဆုံဖူးကြတယ်။"
"မမသုန္နရီ သူငယ်ချင်းလေကိုကိုရဲ့၊ မမငယ်တို့ ကျောင်းကိုလာတုန်းက ဆုံဖူးကြတာ။"
ဖြူ့ရဲ့ထိုသို့ အပြောမှာ ကိုကိုဟာသဘောတကျနဲ့ပင်...
"နရီနဲ့ သိတာလား။ " ဟု မေးလေသည်။"ဟုတ်တယ် ကိုထက်ဝေဟင်။ ငယ်တို့က အထက်တန်းထဲက သူငယ်ချင်းတွေလေ...."
သို့ဖြင့် ကိုထက်ဝေဟင်တို့ မောင်နှမနှင့် စကားပြောနေစဥ်မှာပဲ နေ့လည်ထမင်းစားချိန်ပြီးဆုံးသွားသည့် ကလေးများအဖွဲ့ဟာ ငယ့်ဘေးတွင်ရပ်နေသော ဂေဟာပိုင်ရှင်မောင်နှမကို ဖက်တွယ်ပြီး တစ်နေ့တာရဲ့ဖြစ်ပျက်ခဲ့သမျှကို အပြုံးတဝင့်ဝင့်နှင့် သူ့ထက်ငါအပြိုင်ပြောဆိုကြသည်ကြောင့် ဘာရယ်မဟုတ်ပဲ ငယ်သည် ကိုထက်ဝေဟင်ကိုအားကျမိခဲ့သည်။
"ငါတကယ်ပြောတာ ငါလည်းဂေဟာတစ်ခုထောင်မယ် သိလား။ ကလေးလေးတွေနဲ့အတူတူရှိရတာ ပျော်ဖို့ကောင်းမှာပဲ"
ရွှေအင်းအသစ်နှင့် ပက်သတ်ပြီး ရွှေကျောရှိရာ အင်းပိုင်ရှင်များ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်နေသော သူသည် သမီးငယ်၏စကားကြောင့် မျက်မှန်ကို ချွတ်ကာ စားပွဲပေါ်သို့ တင်လိုက်ရင်း...
"ဒါ နင်ပြောတာနော် သမီးငယ်။""ဟင်....."
"ကလေးတွေနဲ့ အတူတူရှိရတာ ပျော်ကောင်းတယ်လို့ နင်ပြောတာ.....ဟုတ်တယ်မလား"
သူ့အတွက် သီးသန့်ထားပေးထားသော ငယ့်အိမ်၏စာကြည့်ခန်းတွင် သူသည် laptopနှင့်စာရွက်စာတမ်းများကြားမှာ အလုပ်ရှုပ်နေတာဖြစ်သည်။ ထိုသို့အလုပ်ရှုပ်နေသော သူ့ထံကို ရုံးဆင်းချိန်ပြန်လာသော ငယ်ကသွားပြီး စာကြည့်ခန်းပြတင်းတံခါးနားမှာရပ်ကာ အိမ်၏အပြင်ဘက် ခြံကွင်းပြင်ကျယ်ကို ကြည့်ရင်း အေးချမ်းဝေဟင်ဂေဟာကို သွားခဲ့သည့်နေ့က အဖြစ်အပျက်တွေကို မြင်ယောင်နေရင်း ပြောမိတာဖြစ်သည်။
YOU ARE READING
အချစ်ဦး (Completed)