လူလိမ်ကြီး!!🖌️(6)

639 123 24
                                        

Part 6

ဂျောင်ဒီနေ့ကျောင်းကိုခွင့်ယူပြီး ဒယ်ဂူကိုပြန်မည်ဖြစ်သည်။ ခွင့်ကိုတမင်ကြိုယူထားသည်မို့ ကျောင်းနှင့်အဆောင်ကလည်းဒီလို စာမေးပွဲနီးသည်ကိုပေးလွှတ်ခြင်းဖြစ်သည်။ဘာလို့ခွင့်ယူရလဲဆိုမြို့အုပ်မင်းလောင်းကိုအံ့အားသင့်စေရန်သာ...တကယ်​တော့အဲ့ဟာကလွမ်း‌နေလို့ဆင်‌ခြေ‌ပေးတာဆိုပိုမှန်မည်..ဒါ့ကြောင့် တမင်သက်သက်ဒီ(၃)လအတွင်း မြို့အုပ်မင်းလောင်းစာပေးလာသမျှကို ပြန်စာအနေနဲ့မပေးခဲ့။ရုတ်တရက်အနေနဲ့ မြို့အုပ်မင်းလောင်းအရှေ့ကိုပေါ်လာပြီး စနောက်ချင်၍ဖြစ်သည်..အခုဂျောင်ဟာ ရထားပေါ်တွင်ဖြစ်သည်။ကားဖြင့်လာ၍ရပေမယ့် ပိုက်ဆံကိုခြွေတာနေသည်မို့,ပြီး ရထားနဲ့ငြိမ့်ငြိမ့်လေးဖြင့်သာ သွားချင်သဖြင့်ရထားကို မနက်အစောထ၍စီးခဲ့သည်။ထို့ကြောင့်အခုနံနက်(၈)နာရီအချိန်တွင် ဒယ်ဂူကိုရောက်ဖို့ အနည်းငယ်သာလိုတော့သည်..အစကခွင့်မယူပဲ ပညာသင်ချိန်ပြည့်ကာမှပြန်လာမည်လို့တွေးခဲ့ပေမယ့် စိတ်တွေကထိန်းမရနိုင်/အရမ်းသတိရနေပြီမို့ ထွက်လာခြင်းသာ..ပြန်တွေ့ရင် မြို့အုပ်မင်းလောင်းရဲ့ အံ့ဩသွားတဲ့မျက်နှာကိုမြင်ချင်ပါဘိ..မြို့အုပ်မင်းလောင်း ‌ပျော်သွားမလား?ဒါမှမဟုတ် မေ့လဲသွားမလား!? ဟားးအတွေးနဲ့တင်ကြည်နူးစရာမို့ အမြန်ရောက်ချင်လှပြီရယ်!

ရထားအပြင်ကရှုခင်းတွေကိုကြည့်ပြီးဂျောင် ငယ်စဉ်ကအကြောင်းတွေပြန်တွေးမိပြန်သည်။ အရမ်းရှက်စရာကောင်းတာ‌တွေကိုသာ ရွေးလုပ်ခဲ့လေသလားထင်မှတ်ရသည်..နမ်းခဲ့တာတွေကိုကော ကိုယ်မှတ်မိသလို မြို့အုပ်မင်းလောင်းကောမှတ်မိပါ့မလား?

(၁၅)မိနှစ်နေတော့ ဂျောင့်ရဲ့ရထားဟာဒယ်ဂူမြို့ကိုရောက်ခဲ့သည်..
ဂျောင် တခုတည်းသောအထုတ်ကိုဆွဲ၍ သွက်လက်သော ခြေလှမ်းတို့နှင့်မြို့အုပ်မင်းလောင်းရှိရာ အိမ်လေးကိုသွားနေသည်..စိတ်ထဲတွင် မြို့အုပ်မင်းလောင်းရဲ့ အံ့ဩသွားမည့်မျက်နှာကို ပုံဖော်ရင်းလျှောက်လာခဲ့ရာ နေတခုအရောက်ခြေလှမ်းတို့ဟာရပ်တန့်ကုန်သည်...

ဈေးကိုဖြတ်လာသည်မို့ ဈေးရဲ့လမ်းကြားကလေးထဲမှမြင်တွေ့နေရသည်က ကိုယ့်မျက်လုံးကိုတောင်မယုံနိုင်။ ဒါလား စာပို့တိုင်းမှာအရမ်းလွမ်းနေပါသည်ဆိုပြီး ရေးရေးနေတဲ့မြို့အုပ်မင်းလောင်းဆိုတာ! စောင့်နေပါ့မယ်ဆိုပြီး/ရည်းစားမထားပါဘူးဆိုပြီး ‌ကတိတွေပေးခဲ့တဲ့ မြို့အုပ်မင်းလောင်းဆိုတာ ခုလို လူရှေ့သူရှေ့မှာ အရှက်မရှိမိန်းမတယောက်နဲ့ နမ်းနေကြတဲ့လူလား? ဂျောင်သိပ်ချစ်နေရပါတယ်ဆိုတဲ့ လူလား? အ့့့နာကျင်လိုက်တာ ရင်ဘတ်ကြီးကဘာလို့အခုန်မရပ်နိုင်ပဲ‌အောင့်ဆက်ဆက်နဲ့နာကျင်နေရတာလဲ! ဆက်မကြည့်နိုင်တော့ဘူး! အစကတည်းကပြန်မလာခဲ့သင့်ဘူး ခုတော့မမြင်သင့်တာတွေမြင်ကုန်ရပြီ!! ချစ်တယ်လို့! အကြမ်ကြိမ်အခါခါပြောခဲ့တာကို သူလစ်လျူရှုနိုင်တယ်..အင်း နောက်တခါအဲ့ချစ်တယ်ဆိုတာကို ခင်ဗျားမဟုတ်တဲ့တခြားသူကိုပဲပြောတော့မယ်!!ဂျောင့်ရင်ထဲကမြို့အုပ်မင်းလောင်းက မရှိတော့ဘူး!

လူလိမ်ကြီး!! { CØMPLETE } Donde viven las historias. Descúbrelo ahora