RVTIACF chapter-(35)

3.5K 409 12
                                    

CHAPTER-(35)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းနဲ့ဆန့်ကျင့်ဘက်ပင် ဆန်ဂျေးကတော့ ဖုန်းပေါ်မှာပြောခဲ့ စကားဝိုင်းကြောင့် စိတ်တိုနေလေပြီ။ ဒီနှစ်တွေအတွင်း ချမ်းသာတဲ့မိသားစုကို  လက်ထပ်ပြီးဝင်လာကြောင့် တခြားသူတွေဆီက မရေမတွက်နိုင်တဲ့ မြှောက်ပင့်မှူတွေကိုသာ ရရှိထားခဲ့ပြီး သူ့မျက်ဝန်းတွေထဲက ရှုံးနိမ့်မှုကိုဘယ်သောအခါမှ မမြည်းစမ်းဖူးပေ။

အမှန်ဆိုရင် ဒီတစ်ခါက သူမအငြင်းခံရတာ ပထမဆုံးအကြိမ်ဖြစ်၏။ ကုမ္ပဏီကြောင့်သာ မဟုတ်ဘူးဆိုရင် သူမဒေါသတွေ ဖွင့်ထုတ်ဖို့ရာ ဘယ်လိုလုပ်အောင့်ထားနိုင်မလဲ?

သို့သော်လည်း ဆန်ဂျေးကပိုင်ရွယ်ဝေ့ကို ပိုပြီးတောင်စက်ဆုပ်သေးသည်။ သူမဘာပဲလုပ်ပါစေ ယိမိသားစုရဲ့ အဆင့်အတန်းတွေနဲ့ လျော်ညီအောင် နေနိုင်မည်မဟုတ်ပေ။နောက်ဆုံး
တော့လည်း အိမ်အကူသာသာက ယိမိသားစုကိုဖြတ်ပြီး လူမှုအသိုင်းအဝိုင်းမှာ အဆင့်မြင့်လာဖို့ ဘယ်လိုတောင် မျှော်လင့်ရဲတာလဲ?

ဒီအချိန်မှာ ဒရိုင်ဘာက ယိချန်ကိုယိမိသားစုဆီ ပြန်ပို့ပေးပြီးဖြစ်ကာ ယိချန်ဖုန်းက ခေါ်ဆိုမှုတွေအကြောင်းလည်း အသိပေးပြီးဖြစ်၏။

သူ့ဖုန်းထပ်မြည်လာတာနဲ့ ယိချန်ကို အပေါ်ထပ်ဆီတွဲသွားဖို့ ဆန်ချီတစ်ယောက်ယောက်ကို ခိုင်းလိုက်ပြီးသူမကတော့ ချက်ချင်း ဖုန်းချပစ်လိုက်သည်။ ထို့နောက်ယိချန်ကို တစ်ခွန်းတောင်မပြောဘဲ ပိုင်ရွယ်ဝေ့နဲ့ပတ်သတ်တဲ့ နံပါတ်တွေအကုန် ဘလော့ဖို့ဆက်လုပ်လေသည်။

အဲ့ဒီတစ်ခဏမှာပဲ ချူရှောင်းပြောခဲ့တဲ့ စကားတွေကို နားလည်သွားမိသည်။ ပိုင်မိသားစုရဲ့ စုန်းမတွေဒီမှာ ရှိနေသရွေ့ သူမဆန္ဒရှိရင်တောင် ကိစ္စတွေကိုပုံမှန်ဲန်ဖြစ်ဖို့ သေချာပေါက်မတတ်နိုင်ချေ။ တစ်ချိန်ကမိသားစုလို့ခေါ်ခဲ့တဲ့ လူနှစ်ယောက်ကသစ္စာဖောက်ပြီး သူမကိုအမြတ်ထုတ်ခံရရင် ချူရှောင်းက သူတို့နဲ့အနှောင်အဖွဲ့တွေအားလုံး ဖြတ်ပစ်ချင်တာ သဘာဝကျသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now