တွေဝေနေတဲ့ ယောင်းငယ်

5.7K 640 79
                                    

ဟာရယ်ရောက်လာပြီး နောက်ပိုင်းမှာတော့ ထယ်ယောင်းနည်းနည်းအပျင်း‌ပြေရပါသည်။အတူတူ ငှက်ပစ်တမ်းကစားနေရင်း မနေ့ညက မင်းကြီးအကြောင်းကို စဉ်းစားနေမိသည်။သူ့မှာလဲ ဒီလို ဝမ်းနည်းတဲ့အချိန်တွေရှိတာပဲပေါ့။

တစ်ညလုံးထယ်ယောင်း ပေါင်ပေါ်တွင် ခါးကိုဖက်ပြီး အိပ်ပျော်နေလိုက်တာ မိုးလင်းခါနီးမှ ထယ်ယောင်းမှာ အိပ်ရသည်။ထယ်ယောင်းနိုးလာတော့ သူမရှိတော့။တစ်ခါတရံကျ ထယ်ယောင်းကိုယ်တိုင်လဲ နားလည်ရခက်ပါသည်။

မုန်းပေမဲ့ မမုန်းသလိုပဲ။ခုရက်ပ််ိုင်း သူက ထယ်ယောင်းအပေါ်ကောင်းနေခဲ့တော့ သူပြုလုပ်ခဲ့တာတွေ မေ့နေသည်။ဒါပေမဲ့ ဖိုးဖိုးကိစ္စရယ် ထယ်ယောင်း အနိုင်ကျင့်ခံရတဲ့နေ့ရယ် ကို ပြန်တွေးမိရင်တော့ နာကျင်ရသည်။

နန်းတော်ထဲတွင်လဲ အဖွားတော်က မနေ့ကပြန်ရောက်သည်မို့ အဆူခံရမှာစိုးတာကြောင့် ထယ်ယောင်းနဲ့ ဟာရယ်လဲ ဆော့ကစားခြင်းကို ရပ်နားပြီး ရေချိုးရန် အဆောင်သို့ ပြန်လာခဲ့သည်။

ထယ်ယောင်း‌အနောက်တွင် အရင်လို ဦးလေးကြီးမင် မလိုက်နိုင်တော့ပါဘူး။ကြည့်ရတာ အခုတလော အရမ်းအလုပ်ရှုပ်နေကြပုံပဲ။

ထယ်ယောင်း အဆောင်ကို သွားနေရင်းက တစ်နေရာအရောက် ရပ်တန့်လိုက်မိသည်။

မင်းကြီးသည် သခင်မလေး မင်ဂျီဝန်းနှင့် စကားရပ်ပြောနေပြီး အဖွားတော်ကလဲ ဘေးတွင်ရှိနေသည်။အနီးအနားတွင် အထိန်းတော်တို့က ခပ်လှမ်းလှမ်း‌တွင် နေနေကြတာကြောင့် ထယ်ယောင်းလဲ အဝေးကနေပဲ စောင့်ကြည့်နေမိသည်။ထူးခြားရင် အကိုကြီးထံ သတင်းပို့ရမည်လေ။

"ကမ္မနဒီအပြင် ချမ်းရီပြည်နယ်ကပါ မကျူးကျော်လာခင် ကျွန်မကို လက်ထပ်လိုက်ပါ မင်းကြီး။မဟုတ်ရင် ကမ္မနဒီက ချမ်းရီနဲ့ပေါင်းပြီး ဂေါ့ယမ်ဆီ စစ်ကြောင်းချီလာလိမ့်မယ်"

ဂျောင်ကုမှာ အခက်တွေ့နေရသည်။စစ်ဖြစ်ရင် လူရော ငွေရော ဆုံးရှုံးမည်မို့ သူရှေ့ဆက်မတိုးချင်။ကမ္မနဒီက မင်းသမီးသာ မိဖုရားဖြစ်ပါ အလိုလိုအေးချမ်းပါလိမ့်မည်။

ROYAL BLOODDonde viven las historias. Descúbrelo ahora