၃၂။ သေဆုံးခြင်း

1.1K 109 26
                                    

Uni

ဒေါ်ငွေစံပယ်ခင်တစ်ယောက်နဲ့တစ်ယောက်စကားစမြည်ပြောနေတဲ့အမျိုးသမီးနှစ်ယောက်ကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

တစ်ခါမှသတိမလွတ်တဲ့မုန်းပန်းရာဇဝင်က အခုတော့သတိလက်လွတ်နေပါ့လား။
ဒေါ်ငွေစံပယ်ခင်အပြန်အလှန်စကားပြောနေသည့်နှစ်ယောက်ကိုတိတ်တဆိတ်စောင့်ကြည့်ပြီးသတိလက်လွတ်ဖြစ်နေမည့်အချိန်ကိုစောင့်ကြည့်နေလိုက်သည်။

" နွယ် .. ဟန်နီတစ်ခွန်းပဲပြောတော့မယ်
ယုံပေးပါ အခုနွယ် မြင်နေတဲ့အဖြစ်အပျက်တွေကအကုန်အမှန်မဟုတ်ဖူးဆိုတာ.."

" ဟွန်း! ရှင်ကသိပ်ကိုဟန်ဆောင်တော်လွန်းပါလား!လိမ်ညာနေရတာပျော်တယ်ပေါ့လေ သို့ပေမယ့် ဘယ်လိုလုပ်မလဲ ကျွန်မက ရှင့်ကိုထပ်မယုံတော့ဖူး!"

" ကျေးဇူးပြုပြီး ယုံပေးပါ နွယ်ရယ်"

ဒေါ်ငွေစံပယ်ခင်လုံးဝသတိလက်လွတ်ဖြစ်နေသည့် မုန်းပန်းရာဇဝင်လက်ထဲက သေနတ်ကိုပြေးလုလိုက်ပြီး သေနတ်ချိန်ထားလိုက်သည်။ အနွယ်ပင်လည်းထိုအဖြစ်ကိုမတွေးထားသည်ကြောင့်အလန့်တကြားအော်ဟစ်လိုက်သည်။

" အမေ! "

" ဒေါ်ငွေစံပယ်မိုး!"

" ဟားဟား ဘာလဲ နင်လို့အချစ်ဇာတ်လမ်းဓာတ်ရှင်ရိုက်နေကြလို့ငါကစေတနာနဲ့ အဖျက်သမားဝင်လုပ်ပေးတာလေ ဟားဟား!"

" အမေ အဲ့သေနတ်ချထားလိုက် အန္တာရယ်များတယ်လို့"

ဒေါ်ငွေစံပယ်မိုးက အနွယ်ပြောသည်ကိုဂရုပင်မစိုက်ပဲ သေနတ်မောင်းတံကိုဆွဲလိုက်သည်။

မုန်းလည်း ဤ သည်ကြောင့်ခါးခြားထဲမှာဝှက်ထားသည့်ပစ္စတိုအသေးစားလေး ကိုထုတ်လိုက်သည်။

" ဒေါ်ငွေစံပယ်မိုး‌ သေနတ်ချလိုက် "

" ဘာလို့ ငါကနင်ပြောတဲ့အတိုင်းလုပ်ရမှာလဲဟားဟား ဒီနေရာမှာနင်သေသွားလည်း ဘယ်သူမှဂရုမစိုက်ဖူးသိလား ဘာလို့ဆို နင်က တရားမဝင်ဂိုဏ်းရဲ့ခေါင်းဆောင်လေ ငါက နင့်ကိုသတ်ပေးလို့ မင်းရှင်တော်ဝန်မင်းကြီးရဲ့ဆုချီးမြှင့်တာတောင်ခံရဦးမှာ "

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now