Chapter...28

28.3K 1.7K 118
                                    

"ဂျောက်"

ထိုအသံရဲ့လားရာ တစ်ဖက်ဆီက တခြားသူ
တော့မထူးဆန်းလေတဲ့ အသံငယ်တစ်ခုဆို
သော်ငြား မျှော်လင့်စောင့်စားနေတဲ့ သူအဖို့
မှာတော့ ရင်တုန်စိတ်လှုပ်ရှားလေတဲ့ အခိုက်
အတန့်လေးမဟုတ်ပါလား။

ထိုအခိုက်မှာပင် အခန်းတံခါးရွက်ကိုတွန်း
ဖွင့်၍ တစိုက်မတ်မတ်လျှောက်လာသူရဲ့ခြေ
လှမ်းခပ်ကျယ်ကျယ်ကြောင့် နိူင်းရဲ့မျက်ဝန်း
လေးများကပြူးကျယ်ကာသွားလေ၏။

သူ ဆိုတဲ့တစ်ယောက်မှာတော့ နိူင်းဆီရာသို့
ကိုယ်ဟန်မတ်မတ်ဖြင့် လျှောက်လှမ်းလာနေ
ပါပြီ။

နိူင်းလေးမှာတော့ မျက်နှာမှာပျော်ရိပ်သန်း
နေလျက် မျက်ဝန်းများမှာကလေးလေးတစ်
ယောက်လို ပျော်မြူးရွှင်ပျသည့်အရိပ်အ
ယောင်များပြည့်နှက်နေလေသည်။

"ကို ပြန်လာပြီကြားလို့ နိူင်း အခုလိုလေးစောင့်နေတာဗျ"

ဟု ပြောကာနိူင်းလေးက မျက်ခုံးလေးတစ်ချက်ပင့်၍ စူးစိုက်၍ အရည်လဲ့နေသောမျက်
ဝန်းတွေဖြင့် ကြည့်လိုက်၏။

ဒါက ထူးဆန်းတဲ့အသံပဲလား၊ကြားရခဲလေ
သောစကားပဲလားဟုဝေခွဲမရ၊သေချာသည်
က။

"ကို လာလေ..ဘာလုပ်နေတာလဲ၊မှန်းစမ်း"

ကုတင်ပေါ်မှထကာ အနားသို့တိုးကပ်လာပါ
သည့်ထိုလူသားလေးကို ရှိသမျှအားနဲ့ရင်ခွင်
ထဲရောက်အောင်ဆွဲယူပွေ့ဖက်လိုက်လေသည်။ ငုံ့မိုး၍ နှုတ်ခမ်းလေးကွေးရုံမျှပြုံး၍
ကြည့်နေသည့် မျက်ဝန်းညိုညိုတွေကြောင့်
နိူင်း အနေရခက်စွာ တစ်ချက်ခေါင်းပြန်ငုံ့မိပါ
၏။

ရက်ရောစွာ ကိုဟု ခုနကသုံးနှုန်းခေါ်ပြောမိသမျှက အခုမှအနေကျပ်၊ စိတ်ကျပ်၊လူအိုက်
ဖြစ်နေရသည့်အဖြစ်။

သို့ပေမဲ့....

အနီးကပ်သေချာကြည့်မိလေသော်အခါမှ
နှုတ်ခမ်းထောင့်နားမှ ခပ်ကွဲကွဲဒဏ်ရာနှင့် မျက်နှာချောချောမှာလည်း ညိုမဲစွဲလေသည့်
ဒဏ်ရာတွေက နှောက်ယှက်နေပါ၏။

နိူင်းစိတ်ထဲ သံသယစိတ်တွေဖြစ်တည်လာ
သည်မို့ သူ့ရင်ဘတ်က အင်္ကျီကြယ်သီးကို
ဆွဲဖြုတ်ရန်လက်လှမ်းလိုက်လေတော့ နောက်သို့ခြေလှမ်းဆုတ်သွားလေ၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now