Arc 12.2

3.7K 440 10
                                        


Jing Yang က Gu Mang နဲ့အတူတူ အများကြီးရိုက်ပြီးတဲ့နောက် တစ်ယောက်တည်းအခန်းတွေလည်း နောက်ပိုင်းမှာ ရိုက်ကူးခဲ့ရတယ်။ ဒါကြောင့် တခြားအခန်းတွေ ထပ်ရိုက်ဖို့အတွက် မလိုတော့ဘူး။

Jing Yang တဲထဲမှာထိုင်ရင်း ရိုက်ကူးရေးပြီးမယ့်အချိန်ကို စောင့်နေလိုက်တယ်။ အအေးဒဏ်ကြောင့် သူ့လက်တွေ ထုံကျင်လာပြီး အချမ်းဓါတ်မြင့်လာတဲ့အတွက် တဖြည်းဖြည်း တုန်ယင်လို့လာတယ်။ သူခန္ဓာကိုယ်ပူနွေးဖို့ရာအတွက် ရေနွေးပူပူလေးသောက်လိုက်ချင်ပေမယ့် ဒီမှာ ရှိတာက ရေသန့်ဘူးတွေပါပဲ။ ရေသောက်လိုက်ရင် ပိုပြီး အေးတာကြောင့် သူ သည်းခံနေရုံပဲပေါ့။

ရိုက်ကူးရေးပြီးတော့ လူတိုင်း သူတို့ပိုင်ဆိုင်သမျှပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်ဖို့ရာ လုပ်ကြတယ်။

Jing Yang က သူ့တစ်ကိုယ်လုံးကို ကျုံ့ကျုံ့လေးထိုင်ရင်း ဖက်ထားပြီး ကားက သူ့ကိုပြန်လာခေါ်မယ့်အချိန်ကို စောင့်လိုက်တယ်။ လက်ထောက်က ရုတ်တရက် သူ့အနားရောက်လာပြီး နောက်ကလိုက်ခဲ့ဖို့ ပြောတယ်။ ဘာကြောင့်လဲဆိုတာ မသိဘဲ သူ့နောက်လိုက်ရင်း အနက်ရောင် RV ကားဆီ ဦးတည်လျှောက်လာလိုက်တယ်။

လက်ထောက်ဒါရိုက်တာက အနားရောက်တော့ တံခါးကိုခေါက်ပြီး ပွင့်လာတဲ့အခါ "ဝင်သွားလိုက်" လို့ Jing Yang ကို ပြောတယ်။

RV ကို မြင်လိုက်ကတည်းက ဘာဖြစ်နေတယ်ဆိုတာ Jing Yang နားလည်လိုက်ပြီ။ အထဲဝင်သွားတော့ Gu Mang ဆိုဖာပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရတယ်။

သူတို့နှစ်ယောက်လုံး ကားထဲမှာလည်း ရှိနေရော Gu Mang လက်ထောက်က ကားကို စတင်မောင်းနှင်ပါတယ်။

Gu Mang က ဖုန်းထဲမှာပဲ အာရုံစိုက်ထားတယ်။ Jing Yang မတ်တပ်ရပ်နေသေးတာကို သိသွားတော့မှ မော့ကြည့်ပြီး ပြောလိုက်တယ် "ထိုင်လေ"

Jing Yang က သူ့ဘေးက လည်သာဆိုဖာပေါ် ထိုင်ချရင်း "ခင်ဗျား ဘာလို့ ကျွန်တော့ကို ရှာတာလဲ?"

"အထွေအထူးမရှိပါဘူး ဒီတိုင်းပဲ မင်းကို ပြန်လိုက်ပို့ပေးမလို့" Jing Yang နှုတ်ခမ်းတွေက ခရမ်းရောင်ပြောင်းနေပြီး ကြည့်ရတာ သိပ်နေမကောင်းသလိုဖြစ်နေတာ သတိထားမိတော့ မေးလိုက်တယ် "မင်းဖျားနေပြီလား?"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ