part26(Unicode)

31.9K 3.1K 257
                                    

တစ်ညလုံး အိပ်ရေးပျက်ထားရတာမို့ ကုတင်ပေါ်ကျောချလိုက်တာနှင့် ဟန်မဆောင်နိုင်ပဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွား၏။ပြန်နိုး‌‌လာတော့ မနက်အတော်လင်းနေပြီဖြစ်သည်။သူ့ဘေးနေရာကတော့ လစ်လပ်နေကာ ဆိုင်းလော့ဒ်ရှိမနေချေ။ကိုယ့်ဘေးက လူတစ်ယောက်လုံး ထထွက်သွားတာကို မသိလိုက်သည့်အထိ သူနှစ်နှစ်ခြိုက်အိပ်‌ပျော်နေခဲ့၏။ဆေးရုံကုတင်ပေါ် ကိုယ့်အိမ်ကိုယ့်ယာနှယ် သတိလက်လွတ် အိပ်‌ပျော်သွားမိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း သူ လှဲနေရာမှ ကမန်းကတမ်း ကုန်းထမိ၏။ကိုယ်ပေါ်ရှိ လွှာထားသော စောင်အားဖယ်ထုတ်ပြီးမှ....

"ဆိုင်းလော့ဒ် ဆိုင်းလော့ဒ်...."

‌သန့်စင်ခန်းများ ဝင်နေတာလားဟု သူအသံပြုမိပေမဲ့ အထဲမှတုံ့ပြန် မလာချေ။သန့်စင်ခန်းတံခါးအား အသာတွန်းဖွင့်ကြည့်တော့လည်း အထဲ၌ ဘယ်သူမှမရှိ‌ချေ။

"ဘယ်များ‌ထွက်သွားတာလဲ..."

သူ သန့်စင်ခန်းရှေ့ ယောင်နနဖြင့်ရပ်ကာ ဆိုင်းလော့ဒ် ဘယ်ကိုများ ထွက်သွားလိုက်တာလဲလို့ တွေးနေမိဆဲ အခန်းတံခါးက ချပ်ကနဲ ပွင့်လာလေသည်။လက်ထဲမှာလည်း အထုပ်တချို့ဖြင့် ဆိုင်းလော့ဒ်က ဆေးရုံခန်းထဲသို့ ပြန်ဝင်လာ၏။

"နိုးပြီလား...."

ခေါင်းနှင့်လက်မှာ ပတ်တီးအဖွေးသားဖြင့် ညတုန်းက သတိမေ့သွားတဲ့လူလို့တောင် ထင်ရက်စရာမရှိပဲ လူကလန်းဆန်းနေလေသည်။ခေါင်းမှာ ဒဏ်ရာကြီးနဲ့ကို လူနာက လူနာလိုမနေပဲ လမ်းသလားနေရတယ်လို့။ဒီကောင်လေးကတာ့ ပေတေလိုက်တာ။သူ စိတ်ထဲကနေ အလိုမကျစွာ တွေးနေရင်းဖြင့်...

"ဘယ်တွေလျှောက်သွားနေတာလဲ ခေါင်းမှာ ဒဏ်ရာကြီးနဲ့ကို နားနားနေနေမနေပဲနဲ့ မူးမေ့လဲနေမှ...."

သူပြောတော့ ဆိုင်းလော့ဒ်က အခန်းထဲသို့ ဝင်လာရင်းဖြင့် စားပွဲပေါ်သို့ လက်ထဲမှ အထုပ်တချို့အား တင်လိုက်လေသည်။

"ဒီဒဏ်ရာလောက်က ဘာဖြစ်မှာလဲ...."

သူ့ထုံးစံအတိုင်း မျက်ခုံးတွေတွန့်၍ မှုန်ကုပ်ကုပ်ပြောကာ ဆေးလိပ်အား နှုတ်ခမ်းနားတေ့လိုက်တာမို့ သူ ဆိုင်းလော့ဒ်၏နံဘေးသို့ တိုးကပ်သွားရပြီး ဆေးလိပ်အားဆွဲယူလိုက်ရခြင်းသို့ရောက်သည်။ဆိုင်းလော့ဒ်က ဘာလဲဆိုသော သဘောဖြင့် မျက်ခုံးတွန့်ကြည့်လာလေသည်။

Wild  Rose(complete)Where stories live. Discover now