၃၆

3.8K 745 15
                                    

ေ၀့ကျော့က ယွမ့်ထန်း၏ ဆေးရုံမှ အချက်အလက်များကို မည်သို့ရကြောင်း မသိနိုင်ချေ။ သို့သော် ဆေးရုံဖောင်တွင် ရေးထားသော သတင်းအချက်အလက်များအရ ရုပ်ရှင်ဧကရာဇ်က လွန်ခဲ့သော တစ်လခွဲခန့်က ဆေးရုံမှ ဆင်းသွားကြောင်း သိနိုင်သည်။သဘောတူညီမှုစာချုပ် ဖျက်သိမ်းထားခြင်းကိုလည်း ပုံဖြင့် သက်သေနှင့်တကွ ဖော်ပြထားသည်။ကုတ်နံပါတ်များကိုသာသုံးထားသည့်တိုင် နေ့စွဲနှင့် လက်မှတ်ကို မြင်နိုင်သေးလေသည်။ အခြားနည်းဖြင့်ဆိုရသော် ဆေးရုံမဆင်းခင် ရှေ့တစ်ရက်တွင် ရုပ်ရှင်ဧကရာဇ်က သူ၏ ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ကို ဖျက်သိမ်းရန် သဘောတူခဲ့သည်။

ရုပ်ရှင်ဧကရာဇ်က ငါးနှစ််ကြာ ကိုမာ၀င်နေခဲ့ပြီး ပြန်လည် သတိရလာချိန်တွင် ဖျော်ဖြေရေးလောကသို့ ပြန််မ၀င်သည့်အပြင် စာချုပ်ကိုပင် ဖျက်သိမ်းသွားခဲ့မည်ဟု မည်သူမျှ ထင်မထားကြချေ။

ထို့အပြင် သူက ဆေးရုံမှ ဆင်းသောနေ့သည် ကြယ်လေးပွင့်စာဖိုမှူးက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်သော ပထမဆုံးနေ့ဖြစ်နေသည်။ အချိန်က နာရီအနည်းငယ်သာ ခြားသည်။

ထိုနည်းအားဖြင့် အနှစ်ချုပ်လိုက်သော် ယွမ့်ထန်းက ရုပ်ရှင်ဧကရာဇ်ဖြစ်နေသည်။ကိုယ်ခန္ဓာချင်း ကွာခြားနေသည်မှာလည်း ဆေးရုံငါးနှစ်တာ တက်လိုက်ရသဖြင့် ပိန်သွားသောကြောင့် ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။

တစ်စုံတစ်ယောက်က တင်ဆက်သူ၏ ခန္ဓာကိုယ် ပြောင်းလဲလာခြင်းကို ပုံရေးဆွဲပြခဲ့သည်။ အစပိုင်းတွင် သူက လက်ရှည်အကျႌကိုသာ ၀တ်တတ်သည်။နောက်ပိုင်းမှသာ လက်တိုများ ၀တ်လာသည်။ထိုအခါ သူ၏ လက်များမှ ထွက်လာသော ကြွက်သားများကို သတိထားမိကြသည်။ ပြန်လည်အားမွေးနေသော ခန္ဓာဖြစ်ကြောင်း သိသာလေသည်။

ရုပ်ရှင်ဧကရာဇ်နှင့် တင်ဆက်သူယွမ့်ထန်းကို မဆက်စပ်မိချိန်က ပြည်သူလူလုက ထိုအချက်ကို ဂရုမစိုက်ခဲ့ကြချေ။ သို့သော် ယခုအခါ ဆက်စပ်မှုကို အတည်ပြုပြီးဖြစ်သည်၊ သဲလွန်စတိုင်းက နေရာတိုင်းတွင် ပေါ်လာသည်။ ထိုအချိန်တွင ်လူတစ်ယောက်က ဖြစ်နိုင်ချေရှိသည့် အကြောင်းပြချက်များဖြင့် ရောက်လာကာ သူက ရုပ်ရှင်ဧကရာဇ်ယွမ့်ထန်း မဟုတ်ပါဟု လာပြောလျင်ပင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now