11(uni&zawgyi)

15.1K 362 41
                                    

Unicode

🌷အပိုင်း ၁၁🌷

🥀🥀🥀 ဦးမြတ်ထွန်းနိူင် ကုကုကို နေမင်းသခင်နေတဲ့နေရာ ပြောပြလိုက်ပေမယ့် သမီးငယ်ကိုစိတ်မချတာမို့ သူလဲနောက်ကလိုက်လာခဲ့လိုက်သည်၊
ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် နစ်နာရသူက မုဒြာပင်မဟုတ်လား၊
ကုကုဟာ သူလိုချင်တာဆို ဘယ်သူ့အတွက်မှမစဉ်းစားတတ်ဘဲရအောင်ယူတတ်သည်လေ၊

ဦးမြတ်ထွန်းနိူင် Txaiငှားကာ လာခဲ့လိုက်ပြီး စံအိမ်ရဲ့ခြံတံခါးရှေ့ရောက်တော့ Txaiသမားကောင်လေးကို စောင့်နေပေးဖို့ပြောပြီး ကားပေါ်ကဆင်း၍ ခြံထဲကိုကြည့်နေစဉ်မှာ အစောင့်ဖြစ်ဟန်တူတဲ့လူငယ်လေးနှစ်ယောက် ခြံတံခါးနား လျှောက်လာလေသည်၊

"ဦးလေး ဘယ်သူနဲ့တွေ့ချင်လို့လဲ"

"‌ဟို မောင်နေမင်းသခင်နဲ့တွေ့ချင်လို့ပါ"

"ဦးလေးကဘယ်သူလဲ တစ်ချက်လောက်ပြောပေးပါ့လား"

"ဦးလေးက ဦးမြတ်ထွန်းနိူင်ပါမောင်ရင်"

"အော် ဟုတ်ပြီ ဟေ့ ခြံတံခါးဖွင့်လိုက်"

ထိုလူငယ်က ခြံတံခါးဘေးက အဆောက်ဦးအသေးလေးဆီ လှမ်းအော်လိုက်ကာ ခြံတံခါးဖွင့်ခိုင်းလိုက်လေသည်၊
စက်ခလုတ်နဲ့ပြင်ဆင်ထားသည့် ခြံတံခါးကြီး ပွင့်လို့သွားသည်နှင့်၊

"ဦးလေး အထဲဝင်ပါခင်ဗျ သခင်ကဦးလေးလာခဲ့ရင် အထဲပေးဝင်ဖို့မှာထားပါတယ်"

"အော် အေး ကျေးဇူးတင်ပါတယ်မောင်ရင်"

ဦးမြတ်ထွန်းနိူင် ခြံထဲကိုလှမ်းဝင်လိုက်ပြီး ထိုလူငယ်နှစ်ယောက်ဘက်လှည့်ကာ၊

"ဒါနဲ့ ဦးလေးတစ်ချက်လောက်မေးချင်လို့"

"ဟုတ်မေးပါခင်ဗျ"

"ဦးလေးမလာခင် မိန်းကလေးတစ်ယောက်ရောက်လာသေးလားလို့"

"မိန်းကလေးတစ်ယောက် အော် ခုနကအကိုခါရာခေါ်သွားတဲ့ ကုမုဒြာဆိုလား အဲမိန်းကလေးကိုမေးတာလားဦးလေး"

"ဟင် အေး ဟုတ်တယ်မောင်ရင်"

"စံအိမ်ထဲကို အကိုခါရာခေါ်သွားတယ် ဦးလေး စံအိမ်ထဲကိုသွားလိုက်ပါ သခင်လဲရှိပါတယ် ဒီတည့်တည့်သာ လျှောက်သွားလိုက်ပါ ရှေ့နားဆိုရောက်ပါပြီ"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now