အခန်း-(၃၇) အလှပဆုံး အကြည့်ဖလှယ်မှု

185 36 0
                                        

Zawgyi

အခန်း-(၃၇) အလှဆုံး အကြည့်လှယ်မှု

ကျွန်မတို့သုံးယောက် ဘေးအခန်းကိုရောက်လာတော့ မျက်နှာချင်းဆိုင်ပြီး တိတ်ဆိတ်နေကြတဲ့ ကျောက်Sနဲ့ ကောင်းချင်းကျုံယဲ့ကို မြင်လိုက်ရတယ်။ကျောင်းဝတ်စုံနဲ့ တောင့်တောင့်ကြီးရပ်နေတဲ့ ကျောက်Sကိုကြည့်ရတာ တကယ့်အရုပ်မလိုပါပဲ။ကောင်းချင်းကျုံယဲ့ကတော့ အခန်းရဲ့ ထောင့်ဖက်ကနေ အေးစက်စက် ရပ်ကြည့်နေပါတယ်။

ကျွန်မတို့ ဝင်လာတာတောင်မှ သူတို့နှစ်ယောက်က တစ်စက်လေးမှ မလှုပ်လာကြတာကြောင့် ‌ဘယ်လိုစကားစပြောရမှန်းတောင်မသိပါဘူး။ဒါကြောင့်မို့ ကျွန်မပဲ အရင်စပြီး ကျောက်Sကို စကားမရှိစကားရှာပြီး မေးလိုက်တယ်။

"ကွမ်းနျွယ့်ကော"

ကွမ်းနျွယ့်နာမည်ပြောလိုက်‌တော့ ကောင်းချင်းကျုံယဲ့ရဲ့ မျက်ဝန်းက လှုပ်ခတ်လာပြီး ကျွန်မကို စိုက်ကြည့်လာတယ်။ပြောရရင် ‌မျက်မှောင်ကြုတ်ကြည့်လာတာပါ။ကျွန်မသူ့ကို ဆက်မကြည့်ချင်တာကြောင့် ကျောက်Sကိုပဲ ပြန်လှည့်ကြည့်လိုက်တယ်။

ကျောက်Sရဲ့ လည်ပင်းက နည်းနည်းလှုပ်လာပြီး ပြောလာတယ်။

"သူဘယ်ထွက်သွားလဲဆိုတာ ဘယ်သူမှမသိဘူး ပြောရရင် နင်တို့ပြန်မလာခင်ကနေ ပျောက်နေတာ သိတဲ့အတိုင်းပဲ သူက သူ့အစီအစဉ်တွေကို ငါ့ကိုပြောလေ့မရှိဘူး ဒါ‌နဲ့ နေပါဦး နင်တို့က ဘာလို့သုံးယောက်ထဲ နယ်စပ်တောကို သွားခဲ့ကြတာလဲ ပြောရရင် ဟိုဟိုဒီဒီ ဖြတ်သွားဖြတ်လာလုပ်‌နေတဲ့ ငါတောင် အဲ့လောက်‌ တောန‌က်‌တဲ့နေရာဆို ဘယ်တော့မှ မသွားဘူး"

ကျောက်Sစကားကြားတော့ ကောင်းချင်းကျုံယဲ့က လှောင်ရယ်တယ်။

"မသွားဘူးဆိုတာထက် ငါတို့တောင်ဘက်ခရိုင်ကလည်း မင်းကို မကြိုဆိုလို့ဆိုတာ မင်းလည်းသိ‌နေတယ်မဟုတ်လား"

ကောင်းချင်းကျုံယဲ့လှောင်ရယ်တာကို ကျောက်Sက စိတ်ပျက်မသွားဘဲ အေးဆေးပြောလာတယ်။

"ရှင်က ကျွန်မခရိုင်က ‌ကလေးတစ်ယောက်ကို သတ်ခဲ့တာတောင် ဒီလိုစကားတွေ ပြောနိုင်သေးတယ်နော်"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now