Part 11
" ခင်ဗျား ဘယ်လိုလုပ်ရောက်နေတာလဲ!!"
" မပြောတက်ဘူးးး.."
" ဘာမသိတာလဲခင်ဗျား ခုထွက်သ! အွန်းးး"
" ဂျောင်အိပ်နေတယ်လေ တိတ်တိတ်လေးနေပေး.."
မြို့အုပ်မင်းသည် အော်ကြောလန်နေသူဂျီ့ကို အစကတည်းကအမြင်မကြည်ပါ..ဒီကောင်လေးကအမြဲ ဂျောင်နဲ့ကိုယ်နဲ့ကြားမှာကန့်လန့်ကန့်လန့်သာ..ပုပုလုံးလုံးနှင့်ဒီကောင်လေးနဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာလည်း ထသတ်ချင်စရာတွေ့ဆုံမှု! ဘယ့်နှယ်ကိုယ့်ဂျောင်အပေါ်မှာ ပိုင်ဆိုးပိုင်နင်းတက်ခွပြီးဆော့နေတယ်..ဂျောင့်မှာကလည်းအင်္ကျီမကပ်နဲ့ဆိုသောခါ ပိုလို့ပင်ဒီကောင်လေးကိုအမြင်မကြည်ဖြစ်ရပါသည်။ ခုလည်း အိပ်နေသည့်ဂျောင့်ကိုနှိုးနေသည့်အလား အော်နေသည်က အရိုးဆွေးအောင်အိပ်နေသည့်ကာလနဂါးတောင်နိုးသွားလောက်သည်အထိ ကျယ်လောင်လွန်းပါရဲ့!ထို့ကြောင့် ထိုကောင်လေးအနားအမြန်သွားပြီး အသံတွေကျယ်လောင်စွာထွက်လာသောခပ်နက်နက်အသံအိုးကြီး၏ အပေါက်အားသွားကာပိတ်ရသည်...ဒါတောင်အတင်းပိတ်ထားသည့်ကိုယ့်လက်ကိုဖယ်နေတာ..
" ဂျီမင်!..ခင်ဗျားကြီးကဘယ်သူလဲ ဖယ်!!"
" အ့့့့" " မြို့အုပ်မင်း.!!."
" ဂျီမင်ရရဲ့လား? ဂျောင်အဲ့လူကဘယ်သူလဲ??"
" မြို့အုပ်မင်း ရရဲ့လား ? နာသွားသေးလား??"
အထုတ်တစ်ထုတ်ထဲကို လေးလေးပင်ပင်သယ်ရင်းအနောက်မှတက်လာသော ကုသည် မျက်ရည်တွေဝဲနေပြီးထွားထွားကြိုင်းကြိုင်းလူကြီးမှပါးစပ်အပိတ်ခံထားရသောဂျီမင်ကိုမြင်သည့်အခါ သူ့အထုတ်ကိုလွှတ်ချခဲ့ပြီး ထိုလူကြီးကိုအဝေးကိုတွန်းဖယ်လိုက်သည်။ ကုတွန်းဖယ်လိုက်သည်က သတိလက်လွှတ်နေသူထိုလူ့အဖို့ လဲကျသွားသည်အထိအားပါလွန်းသွားသည်။ထို့ကြောင့် ထိုလူသည်ကြမ်းပြင်ပေါ်သို့ တံတောင်ထောက်လျက်လဲကျသွားသည်။ ထိုလူလဲကျသွားသည်နှင့် တပြိုင်နက်ခနကမှအိပ်နေတုန်းဖြစ်သည့် ဂျောင်ကဘယ်လိုနိုးလာခဲ့သည်မသိ..ချက်ချင်းပင် လဲနေသည့်ထိုလူ့အားစိုးရိမ်တကြီးထူပေးနေသည်။
ထို့ကြောင့်ကုသည်ဂျီ့ကို သက်သာလားမေးပြီး ထိုလူကြီးကဘယ်သူဆိုသည်ကိုလည်း ဂျောင့်ဆီမှမေးမြန်းကြည့်လေသည်..သို့ရာ၌ ဂျောင်ဟာကု့အမေးကိုအရေးမစိုက် ထို့လူ့ကိုသာ မြို့အုပ်မင်းလို့ခေါ်နေပြီး ဂရုတစိုက်ဒဏ်ရာရမရကြည့်ပေးနေသည်။ ထိုသည်က ကု့၏ဝဲဘက်ကရင်အစုံကိုနာကျင်စေသည်...
YOU ARE READING
လူလိမ်ကြီး!! { CØMPLETE }