part27(Unicode)

30.7K 3.1K 334
                                    

မန္တလေးမြို့၏ ဆိတ်ငြိမ်ရပ်ကွက်ထဲမှ ခြံဝန်းကြီးတစ်ခုရှေ့ရောက်တော့ ဆိုင်းလော့ဒ်က ကားကိုဟွန်းတီးလိုက်၏။သိပ်ကြာကြာမစောင့်လိုင်ရပါပဲ ဇီးညိုရောင်သံပန်းတံခါးကြီးက လျှောကနဲပွင့်သွားလေသည်။ဆိုင်းလော့ဒ်က ခြံထဲသို့ ကားအားကျင်လည်စွာ မောင်းဝင်ခဲ့လေသည်။အိမ်ကြီးက ခမ်းနားပါသည်ဆိုတာထက်ကို ပိုသာသော အပြင်အဆင်တို့ဖြင့် ထည်ဝါလွန်းနေသည်။တူညီဝတ်စုံဖြင့် လူလေးယောက်လောက်က အိမ်တံခါးဝမှာ အသင့်စောင့်နေကြသည်။နှစ်ယောက်သား ကားပေါ်က အတူတူဆင်းလိုက်တော့မှ ဇီးညိုရောင် မှန်တံခါးကြီးက လျှောကနဲပွင့်သွားလေသည်။အထဲမှာတော့ တူညီဝတ်စုံဖြင့် လူတစ်ယောက်က အဆင်သင့်စောင့်ဆိုင်းနေသည်။

"အထဲမှာ လောပန်ကြီး ‌စောင့်နေပါတယ်...."

သူတို့အား ခါးညွှတ်‌ပြောပြီး အထဲသို့ဦးဆောင်ခေါ်‌သွား၏။အိမ်၏အတွင်းပိုင်း အပြင်အဆင်ကလည်း လူချမ်းသာဂုဏ်ပုဒ်နှင့်အညီ ထည်ဝါမှုအပြည့်ဖြင့်။ကျွန်းလှေကားလက်ရန်းကြီးကလည်း ဖိတ်ဖိတ်တောက်၍နေ၏။အိမ်တစ်ခုလုံးကိုလည်း ကတ္တီပါကောဇောအပြည့် ခင်းထားတာမို့ ဖိနပ်ဖြင့်နင်းလျှောက်နေရတာကိုတောင်မှ စိတ်ကအားတုံ့အားနာ ဖြစ်နေမိသည်။တူညီဝတ်စုံဖြင့် အစောင့်တချို့ကိုလည်း ဟိုနားမြင်ရ ဒီနားမြင်ရဖြင့် မသိလျှင် မာဖီးယားဂိုဏ်းကြီးထဲ ရောက်လာခဲ့တဲ့အတိုင်း။သူ့စိတ်ထဲ မသက်မသာဖြစ်လာရကာဖြင့် နံဘေးရှိ ဆိုင်းလော့ဒ်၏အနားသို့ တိုးကပ်လိုက်ပြီး....

"ဘာလို့ အစောင့်တွေအများကြီး ရှိနေတာလဲ...."

လေသံလေးဖြင့် ခပ်တိုးတိုး မေးမိတော့ ဆိုင်းလော့ဒ်က စောင်းငဲ့ကြည့်လာပြီးမှ...

"လိုအပ်လို့ပေါ့...."

ကိုယ့်အိမ်မှာတောင် အစောင့်တွေချထားဖို့ လိုအပ်တယ်တဲ့လား။ဝန်ကြီးချုပ်လည်းမဟုတ် နိုင်ငံရဲ့အကြီးအကဲလည်း မဟုတ်ပါပဲနဲ့ ဒီလောက်အထိ တစ်ခမ်းတနားကြီး လိုအပ်လို့လား။ပြီးတော့ အိမ်မှာတောင် အစောင့်ချထားရအောင် ဘယ်လောက်အထိများ အသက်အန္တာရာယ်ကို စိုးရိမ်နေရလို့လဲ။သူမတင်မကျဖြင့် အတွေးများနေမိဆဲ အရှေ့မှဦးဆောင်ခဲ့သောလူက ခြေလှမ်းရပ်လိုက်တာမို့ သူတို့လည်း ကိုယ်ရှိန်သတ်လိုက်ရတော့သည်။

Wild  Rose(complete)Where stories live. Discover now