Chapter - 48

11.9K 688 67
                                    

မနေ့ကပြန်လာပြီးကတည်းက သခင်ဖြစ်သူရဲ့ပုံစံဟာ သိန်းထီဆုကြီးပေါက်ထားသလို ပြုံးရွှင်နေပြီး အမြဲစိတ်မပါလက်မပါလုပ်နေခဲ့တဲ့ ရုံးအလုပ်တွေအားလုံးကို မနားမနေလုပ်ဆောင်နေ၍ လင်းထက်နဲ့သက်မောင်တို့ အဝေးကနေရပ်ကာ ငေးကြည့်နေကြသည် ။

" လင်းထက် မနေ့က ကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်ခဲ့တာလား … ဥက္ကဌရဲ့ပုံစံက ထူးဆန်းနေတယ် "

" သေချာပေါက်ဖြစ်ခဲ့တာပေါ့ … သခင်ကြီးရှာဖွေနေတဲ့လူက သခင်ကြီးကိုစပြီးအခွင့်အရေးပေးလာပြီ "

" ဘယ်လို … ဥက္ကဌလိုလူမျိုးကတောင် အခွင့်အရေးရဖို့မလွယ်တဲ့လူ ရှိသေးတာလား "

" ခများ ဘာမှမသိပါဘူးဗျာ … သခင်ကြီးမရှိတဲ့အချိန်တွေမှာ အလုပ်ကိုသာတာဝန်ယူဖို့ အာရုံစိုက် … မဟုတ်ရင် သခင်ကြီးစိတ်ပျော်ရွှင်နေတာတွေ ပျက်စီးသွားလိမ့်မယ် "

" အေးပါကွာ … မင်းပြောစရာမလိုပါဘူး … ငါ့တာဝန်ငါ ကျေအောင်လုပ်မှာပါ "

လက်မှတ်ထိုးရမဲ့ စာရွက်စာတန်းတွေပြီးမှ ဧကရာဇ်မောင် ခနအနားယူလိုက်ကာ နောက်တစ်နေ့ရောက်ဖို့ကို မစောင့်နိုင်၍ ကောင်းကောင်းပင် အိပ်မပျော်ပေ ။

နောက်တစ်နေ့ မနက်စောအချိန်၌ ဧကရာဇ်မောင် ထူးထူးခြားခြား စောစောထကာ ပြင်ဆင်လေတော့သည် ။ ခုချိန်ထိ သူ့အား မြို့ရဲ့ပိုင်ရှင် ဥက္ကဌတစ်ယောက်မှန်း ဘယ်သူမှမသိအောင် ဖုံးကွယ်ထားသည် ။ ယခုလဲ ပါဝါမျက်မှန်နဲ့ဦးထုတ်ဆောင်းကာ ပုံမှန်အဝတ်အစားကိုဝတ်ဆင်ပြီး သာမာန်ကားလေးတစ်စီးဖြင့်သာ မုဒြာရဲ့မုန့်ဆိုင်သို့ ထွက်လာခဲ့လေသည် ။

ဆိုင်ထဲသို့ဝင်လာတော့ စောနေသေး၍ ဝန်ထမ်းတွေမရောက်သေးပဲ အမဒါလီတစ်ယောက်ထည်း ဆိုင်ခင်းရန်ပြင်နေတုန်းဖြစ်သည် ။ အမဒါလီက အစောကြီးရောက်လာတဲ့ ဧကရာဇ်ကိုမြင်တော့ အံ့ဩတကြီးဖြင့် ဆိုလာသည် ။

" ပန်းကလေးက ဒီနေ့သင်တန်းသားတစ်ဦးလာမယ်ပြောတော့ ဘယ်သူဖြစ်မလဲစဉ်းစားနေတာ … လူချောလေး ဖြစ်နေတာပဲ "

" မင်္ဂလာပါ အမလီ "

ဧကရာဇ်က အမလီကို နှုတ်ဆက်ပြီး မုဒြာနဲ့သားလေးကို ရှာဖွေလေတော့သည် ။ ဧကရာဇ်မောင်က မုဒြာနဲ့တွေ့ရဖို့ကို တစ်ညလုံးတွေးပြီး အိပ်မပျော်တဲ့အချိန်တွေကိုဖြတ်ကျော်လာရပေမဲ့ ခုတော့အရိတ်အယောင်ပင် မတွေ့ရချေ ။ ရိတ်မိနေတဲ့ အမလီက မေးလာသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now