If only you were in my place....
Episode 34
'ဒီနေ့လဲ ပုံမှန်နောက်ကျတယ်နော်.....'
အရင်ကအစည်းအဝေးစချိန်က ၈နာရီ
Silasက နောက်ကျလွန်းလို့ ၉နာရီအချိန်ရွှေ့လိုက်လဲ အမြဲလိုလိုနောက်ကျနေသည်ပင်
အမြဲနေရာတကာပွစိပွစိပြောနေတဲ့ mithက အခုလဲ အချိန်မလေးစားတဲ့ Silas ကို ဆူရပြန်ပေသည်
'ဟိုဘက်နန်းဆောင်ကနေ လာရတာလေ
ဝေးတာကိုဟ.....'
'အရှင်က နန်းဆောင်ရှိရဲ့သားနဲ့ ကိုယ့်နန်းဆောင်မှာကိုယ်မနေပဲ အခြားနန်းဆောင်မှာသွားနေတာလေ.....
အစည်းအဝေးလုပ်တာကလဲ ဘုရင့်နန်းဆောင်မှာလေ...'
'ငါက Bellaရှိရာ အရပ်မှာနေတာလေကွာ....'
'အဲ့ဆို ချစ် ကို့နန်းဆောင်ဆီပြောင်းလာမယ်လေ....'
ဘေးမှာထိုင်နေတဲ့ Bellaက ဝင်ပြောတော့ mithက မျက်ခုံးတွန့်ကာ စိတ်ညစ်တဲ့အမူအရာနဲ့သက်ပြင်းချလိုက်တော့သည်
'ဒီမှာ အရှင်မင်းမြတ်နဲ့အရှင်မ.... ဘုရင့်နန်းဆောင်နဲ့ဘုရင်မနန်းဆောင်က မလွတ်ကောင်းပါဘူး
ဟိုးအရင်အဆက်ဆက်ထဲက ဘုရင်နဲ့ဘုရင်မဘယ်လောက်ချစ်မြတ်နိုးနိုး တနန်းဆောင်ဆီခွဲနေကြတာပါ....
လူကြီးတွေရဲ့အလေ့အထကို မဖောက်ဖျက်ပါနဲ့.....'
'ရှေးရိုးစွဲလိုက်တာ mithရယ်.....
ကျွန်မတို့နှစ်ယောက်ခွဲနေလို့လဲ တိုင်းပြည်မတိုးတက်လာပါဘူး
ဘာကြောင့် ချစ်သူရည်းစားနှစ်ယောက်ကို ခွဲချင်နေကြတာလဲ.....'
'ငါ့မိန်းမပြောတာမှန်တယ်.....
ငါဘုရင် ငါကြိုက်သလိုနေမယ်.....
နော်....... မိန်းမ...'
'ဒါပေါ့ ယောကျာ်းရဲ့.....
ဒီည ကိုယ့်နန်းဆောင်ဆီ ချစ်ပြောင်းလာခဲ့မယ်...'
'ဟုတ်ပါပြီဗျာ....'
ပြောလေပိုရွဲ့လေသလား မှတ်ရတယ်.....
နှစ်ယောက်သား အတိုင်ဖောက်ညီကာ အမြင်ကပ်စရာကောင်းအောင်လုပ်ပြနေကြတော့တာမို့ သူတို့ထက်ရာထူးနိမ့်တဲ့ mithကဘာပြောနိုင်တော့မှာလဲ
'အစည်းအဝေးစကြမယ်လေ အချိန်မနည်းတော့ဘူး...'
ရည်းစားမရှိတဲ့ Hilusက ထိုမြင်ကွင်းကိုမမြင်ချင်တော့လို့ ထပြောရတော့သည်
သူ့ခမျာလဲသနားဖို့ကောင်းသည်
တဘဝလုံး ဓားရေးလေ့ကျင့်ကွင်းမှာပဲအချိန်ကုန်လာရတာမို့ ယောက်ျားတွေနဲ့ပဲအများဆုံးပေါင်းသင်းလာခဲ့ရသည်
သူသိတဲ့မိန်းကလေးဆိုလို့ သူ့အမေရယ် lithရယ် Bellaရယ်သာ ရှိသည်
ရည်းစားလဲမထားဖူးသလို အချစ်ရေးမှာလဲအတွေ့အကြုံက ဇီးရိုးမို့ တခါတလေတော့လဲ ချစ်သူရည်းစားတွေကို မနာလိုဖြစ်မိသည်
သူရည်းစားမရတာလဲမပြောနဲ့ မျက်နှာကအရယ်အမောမရှိ အားနေဆူပုတ်နေတာ
လမ်းမှာမတော်တဆတွေ့တဲ့မိန်းမပျိုလေးနဲ့စကားပြောရင်တောင် အဲ့မိန်းကလေးထွက်ပြေးလောက်တဲ့အထိ စကားပြောတာအပေါက်မတည့် ကြောက်ဖို့ကောင်းလွန်းသည်
ရယ်ရင်လဲ လူမိုက်ရုပ်ပေါက်နေတာမို့ ဘယ်လိုလုပ်လုပ်အဆင်မပြေပေ
YOU ARE READING
If Only You were In My Place...... ❄ (Complete 🔞)
RomanceMature on 🔞 မို့ အသက်ပြည့်မှဖတ်စေချင်ပါတယ်ရှင်💗 Unicode...... အနေအေး ဒေါသကြီးတဲ့ ကောင်လေးတယောက် သူကိုမှအရမ်းမုန်း အရမ်းသတ်ချင်နေတဲ့မိန်းကလေးကိုမှစွဲစွဲလမ်းလမ်းချစ်မိသွားတဲ့အခါ ..... သူကသူ့ရဲ့ဒေါသအတိုင်းအဆုံးသတ်မလား..... ဒါမှမဟုတ် သူ့ရဲ့စိတ်ဆန္ဒကို...
