အခန်း(8)

32.9K 2.2K 90
                                    

က​လေးအ​ဖေ​လေးက ​တော်​​တော်​လန့်​သွားတယ်​ထင်​တယ်​ လွှမ်းရိပ်​ကို မျက်​လုံး​လေးကလည်​ကလည်​နဲ့ ​မော့ကြည့်​​နေပြန်​တယ်​ မျက်​လုံး​လေးက ဝိုင်းစက်​လာပြီး သူ့ကိုအုပ်​မိုးထားတဲ့ လွှမ်းရိပ်​ကို သူ့လက်​​ချောင်း​လေး​တွေနဲ့ တွန်း​နေတာ​ကြောင့်​ လွှမ်းရိပ်​ အဲလက်​​လေး​တွေကို လက်​တဖက်​တည်းနဲ့ ဆုပ်​ကိုင်​လိုက်​​တော့တယ်

"​ပြော ကိုယ်​က နမ်းရမလား honeyက ကိုယ့်​ကို နမ်းမလား"

"မနမ်းချင်​ဘူး"

"အို​ကေ honeyက မနမ်းချင်​မှ​တော့ ကိုယ်​နမ်းရမှာ​ပေါ့ ကိုယ်​နမ်းရင်​​တော့ honeyခန​လေးနဲ့ပီးမှာ မဟုတ်​ဘူး​နော်​"

"မနမ်းပါနဲ့ ရနံ့ နဲ့ darlingက ခုမှသိတာကို darlingက ရင်းလည်းမရင်းနှီး​သေးပဲ"

"က​လေးသုံး​ယောက်​​တောင်​ရှိတာကို ကိုယ်​တို့နှစ်​​ယောက်​က မရင်းနှီး​သေးဘူးလား"

"အဲဒါbabies​လေး​တွေက ဒီလို ဒီလိုပဲနည်းပညာအကူအညီ နဲ့ယူထားတာ​လေ"

"ဟုတ်​လား အဲဒါဆို နည်းပညာနဲ့မဟုတ်​ပဲ ​နောက်​တစ်​​ယောက်​​လောက်​ယူကြမယ်​​လေ ခုပဲ ယူကြမလား"

မျက်​နှာတခုလုံး ရဲတွတ်​သွားပြီး​တော့ မျက်​လုံးကြည်​​တောက်​​တောက်​​လေး​တွေက မျက်​ရည်​​တွေဝိုင်းလာ​တော့တယ်​ မျက်​နှာ​လေးကမဲ့လာပြီး ​ခေါင်းကိုငုံ့ချလိုက်​တာ​ကြောင့်​ လွှမ်းရိပ်​ ပျာယာခတ်​သွား​တော့တယ်​ လွှမ်းရိပ်​ စလိုက်​တာလွန်​သွားပြီထင်​တယ်

လွှမ်းရိပ်​က ငယ်​ငယ်​​လေးကတည်းက မိသားစုနဲ့အတူတူမ​နေခဲ့ရတာ​ကြောင့်​ တ​ယောက်​တည်းသီးသန့်​​နေတတ်​ပြီး ရင်းရင်းနှီးနှီ​နေတတ်​တဲ့သူမျိုးမဟုတ်​ဘူး ဒါပင်​မယ့်​ ဒီက​လေးအ​ဖေ​လေးနဲ့ ကြမှ ဓာတ်​ပုံ​လေးမြင်​ပြီးကတည်းက ရင်းနှီးချင်​လာတယ်​ သူ့ကိုမြင်​ရင်​ အသဲ​တွေယားလာ​တော့တယ်

ခုလည်း က​လေးပါးပါးက အရမ်းရှက်​​နေတာ​လေးကို အသဲယားလွန်းလို့ စလိုက်​တာ ငို​နေတာ​ကြောင့်​ လွှမ်းရိပ်​ဘာလုပ်​ရမှန်းမသိဖြစ်​သွား​တော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now