Part 12
ထိုနေ့ညတွင် ကုသည်တည်းခိုကြရာအိမ်ကြီးဆီပြန်မလာခဲ့သလို ဂျီလည်းထိုအိမ်ကြီးတွင်ရှိမနေခဲ့ပါ....မြို့အုပ်မင်းနှင့်ဂျောင်သာ ထိုအိမ်၌ရှိနေခဲ့ကြသည်....
**********
ရီဝေဝေမနက်အလင်းရောင်နှင့်အတူ ဂျောင်တစ်ယောက် ပူနွေးနွေးရင်ခွင်ကြားမှ နိုးထလာခဲ့သည်.. ထထချင်းဂျောင်အရင်ဆုံးလုပ်မိသည်က သူ့ခါးပေါ်တင်ထားသည့် မြို့အုပ်မင်း၏လက်ကိုဖယ်ချခြင်းပင်..
ဂျောင် မြို့အုပ်မင်း၏လက်ကိုဖြည်းဖြည်းချင်းဖယ်ချလိုက်ပြီး အိပ်ယာပေါ်ကထလိုက်သည်..ရေချိုးခန်းပါတွဲပါသည့်အခန်းပေမို့ ရေချိုးရန် မြင်နေရသည့်အခန်းငယ်ထဲဝင်လိုက်သည်..,ဆောင်းဦးမို့ အတန်ငယ်အချမ်းဓာတ်ရှိနေသော်လည်း မနေ့ကရေချိုးခြင်းမရှိသဖြင့် အေးလည်းချိုးရပေမည်...
-
-
-
-
-
ဂျောင်ရေချိုးအဝတ်အစားတွေလဲပြီးသည်အထိ မြို့အုပ်မင်းကနိုးမလာသေးပါ..ဂျောင်ကတော့ ရေချိုးပြီးတန်းအိမ်အောက်ကိုဆင်း၍ ကုနဲ့ဂျီတို့ကိုရှိတဲ့အခန်းတွေထဲထိိလိုက်ရှာနေသည်..သို့သော်နှစ်ခန်းစလုံးတွင်မတွေ့! အထုတ်တွေတောင် နေရာတကျချထားခြင်းမရှိသည့်အခါ ဂျောင့်မှာစိုးရိမ်သည့်အတွေးတွေတစတစပျံ့လွင့်လာလေပြီ!
ထို့ကြောင့် ဂျောင်သည်အိမ်ကြီးအတွင်းမှ ထွက်၍ခြံထဲကိုဆင်းရှာမိသည်...
တခြံလုံးကိုနေရာအနံ့လိုက်ရှာခဲ့သော်လည်း မတွေ့ရသည့်အခါ ဂျောင်သည်ရွာထဲသို့အူလယ်လယ်ဖြင့် ထွက်လာခဲ့သည်။။။
ရွာလေးသည် အတော်ကိုခေါင်လွန်းသည်။ သစ်ပင်တွေပေါလွန်းပြီး တစ်အိမ်နှင့်တစ်အိမ်ဟာအရမ်းဝေးပြီး ခြောက်ကပ်ကပ်ဖြင့်လူသိပ်မတွေ့ရ? သစ်ပင်အရိပ်တွေနှင့်မို့ အလင်းရောင်ဟာလည်း ရွာကိုသိပ်ထိုးမပေါက်နိုင် မိုးအုပ်နေသလို အုံ့မှိုင်းမှိုင်းရယ်သာရှိသည်။။။
ရွာထဲတွင် ကုနှင့်ဂျီတို့ကိုရှာသာရှာနေရတာ အခုကိုယ်ကရွာအရှေ့လား? ရွာအနောက်လား ဘယ်မှာရှိနေသည်ဆိုတာမသိ?
ဒါပေမယ့်သွားနေသည့်လမ်းအတိုင်းသာ ရှေ့ဆက်ရှာနေမိသည်..သူတို့နှစ်ယောက်ဘယ်ကိုသွားနေကြတာလဲ! နှစ်ယောက်လုံးကတည့်ကြတာလဲမဟုတ်ပဲနဲ့ကို ဒီလူကိုစိတ်ပူအောင်လို့!!
YOU ARE READING
လူလိမ်ကြီး!! { CØMPLETE }