အပိုင်း(25)Un Zaw

3.3K 285 15
                                    

တရွေ့ရွေ့မောင်းနှင်နေတဲ့ ကုန်ကားပေါ်မှာ  သူများ ပုခုံးကို အပိုင်သိမ်းပြီးတော့ အိပ်လိုက်လာတဲ့ ကောင်လေးတစ်ယောက် ရှိ၏

မလိုက်ပါနဲ့ ပြောတော့လဲမရ လိုက်လာတော့လဲ ကားမူးလို့ဆိုပြီးတော့ နွေဦး ပုခုံးကိုမှီပြီး ရွာအထွက်ကတည်းက အိပ်လိုက် အန်လိုက်နဲ့ နွေဦးသူကြည့်ပြီးတော့ ကိုတောင် မူးချင်လာသည်။

နွေဦးတို့ ချောက်မြို့မှာ ဆေးခန်းအတွက် လိုအပ်တဲ့ ‌ ဆေးတွေလာဝယ်တာဖြစ်သည်။ဆေးပေးခန်းမှာရှိတဲ့ ဆေးတွေ ကြာနေပြီး‌ဆိုတော့ ဒိတ်တွေက လွန်ကုန်ပြီး  ဒိတ်လွန်တဲ့ဟာတွေ သုံးရင် ရောဂါရနိုင်တာမလို့ သူကြီးနဲ့ တိုင်ပင်ပြီး  နွေဦးနဲ့ ကိုဟန် ချောက်ကိုသွားပြီးဆေးဝယ်ဖို့ပြင်နေတုံး

ဘယ်ကနေဘယ်လိုသတင်းရလာလဲတော့မပြောတက် ချောက်ကိုသူပါလိုက်မှာ မလိုက်ရရင် သူကြီးကိုနောက်ခါသူဆိုင်ကယ်နဲ့ ဘယ်ပို့မပေးဘူး ဘာမခိုင်းနဲ့ ဆိုပြီး ခြိမ်းခြောက်တဲ့သူကြောင့်ခေါ်လာခဲ့ရသည်။

ပုခုံးပေါ်အိပ်နေတဲ့သူရဲ့မျက်နှာကိုသေချာကြည့်မိတယ် ထူးထဲဖြောင့်တန်း နေတဲ့ မျက်ခုံးတွေနဲ့နှာတံချွန်ချွတ်တို့က တကယ်ကုလားဇာတ်ကားတွေထဲက မင်းသားတွေအတိုင်း

"ကာရန်

"ကာရန်

"ဟင်

ဟန် ကာရန်ပုခုံးကို လှုပ်ခေါ်လိုက်မှာ အသိဝင်တယ်ထင်ပ ဟိုကောင်လေးကိုကြည့်ပြီး ဘာတွေသဘောနေလဲတော့မပြောတက် မျက်နှာကပြုံးလို့

"‌ရောက်ပြီ အဲ့ကောင်ကိုနိူးပြီးအောင်ဆင်းခဲ့တော့

"အော် အင်းအင်း

နွေဦးပုခုံးပေါ်အိပ်နေတဲ့သူကို နိူးလိုက်ပြီးကားပေါ်ကနေဆင်းလာခဲ့လိုက်တယ်

" ဝှား  အိပ်လို့ကောင်းလိုက်တာကို

ကားအောက်ရောက်တာနဲ့ ပျင်းကြောဆန့်ပြီးပြောလာတဲ့စကား သူကသာအိပ်လို့ကောင်းတာ နွေဦးမှာတော့ ပုခုံးကိုအောင့်လို့

" မင်းကို ငါတို့က အိပ်ဖို့‌ခေါ်လာတာမဟုတ်ဘူးနော်

"ကျုပ်ကလဲ ခင်ဗျားနောက်လိုက်လာတာမဟုတ်ဘူး

ဒေါင်းWhere stories live. Discover now