Chapter 31.2

4K 1K 22
                                    

(Unicode)

"အဲ့ဒီမြွေပြေးဆေးက အလုပ်မဖြစ်တာကို မအံ့သြတော့ဘူး၊ လူတိုင်းက အတော်လေး စိတ်ပူနေကြတာ။ မနက်ဖြန်ကျရင် ကိုယ် မျိုးနွယ်စုခေါင်းဆောင်ကို ပြောပြလိုက်မယ်"  အရင်က သူတို့ စိုးရိမ်နေတာတွေကို ခဲယ်လ်တစ်က သဘောပေါက်သွားတယ်။

"အဲ့ဒါက အစ်ကိုကြီးပိုင်မုနဲ့ ဆိုင်လို့လား?" အန်းချီလော့က ပဟေဠိဖြစ်စွာနဲ့  မေးလိုက်တယ်။

"ဆိုင်တာပေါ့... " ခဲယ်လ်တစ်က ထို့နောက် ပိုင်မုနဲ့ အယ်လီအကြောင်းကို  ပြောပြလိုက်တယ်။  ကလေးနှစ်ယောက်က  နားထောင်ခဲ့ကြပြီး ပိုင်မုက အကောင်းဆုံးပဲလို့ ခံစားခဲ့ကြရတယ်။

"မြွေဘယ်ရောက်သွားလဲဆိုတာ သိလား" ပိုင်မုက အန်းချီလော့ကမ်းပေးလာတဲ့ သကြားရေကို တစ်ငုံသောက်လိုက်ပြီး ပိုသက်တောင့်သက်သာရှိလာတယ်။  တပေါက သကြားရေကိုသောက်ပြီးနောက် အရမ်းသက်တောင့်သက်သာရှိတဲ့ အမူအရာဖြစ်သွားတဲ့ ပိုင်မုကိုကြည့်လိုက်ကာ သူ့ကိုယ်သူအတွက် သကြားရေတစ်ခွက်လုပ်လိုက်တယ်။  ကောင်းပြီ၊ အချိုလေးက မဆိုးပါဘူး။ 

"ဂူ၀င်ပေါက်က ထွက်သွားပုံပေါ်တယ် အယ်လီရဲ့အိမ်မှာ သူ့အမေနဲ့ သူပဲရှိတာလေ ဒါကြောင့် မြွေကို အချိန်မီ မရှာလိုက်ရဘူး"

" အိုး  " ပိုင်မုက သကြားရေ တစ်ခွက်သောက်ပြီးနောက်မှာ ပိုသက်တောင့်သက်သာရှိသွားပြီး သူ့ရဲ့ ထုံကျင်နေတဲ့ ပါးစပ်ကလည်း ပိုကောင်းလာပုံပါပဲ။

"စောစော အနားယူပါ" ပိုင်မုသကြားရေသောက်ပြီးသွားတာကိုမြင်တော့ ခဲယ်လ်တစ်က သူ့ကို အနားယူဖို့ တိုက်တွန်းလိုက်တယ်။

"အင်း" ပိုင်မုက အလုပ်များတဲ့ညအပြီးမှာ အိပ်ငိုက်နေပါပြီ။

"မင်းတို့နှစ်ယောက်ရောပဲ အိပ်ရာဝင်တော့" ခဲယ်လ်တစ်က ကလေးနှစ်ယောက်ကိုလည်း အမိန့်ပေးလိုက်တယ်။ အန်းချီလော့က အလျင်အမြန် ခေါင်းညိတ်လိုက်တယ်။

ပိုင်မုက မတ်တပ်ထရပ်လိုက်ပြီး မီးအလင်းရောင်အောက်မှာ သူနေတဲ့ဂူဆီကို လျှောက်သွားတယ်။  ခဲယ်လ်တစ်က  အနီးကပ်နောက်က လိုက်နေပြီး ပိုင်မု ရှင်းရှင်းလင်းလင်းမမြင်ရမှာကို စိတ်ပူပြီးတော့ သူ့အတွက် တိရစ္ဆာန်သားရေကန့်လန့်ကာကို ကူညီပြီး ဖွင့်ပေးခဲ့တယ် ။  ပိုင်မုက ကျောက်သားအိပ်ယာပေါ်မှာ လှဲလျောင်းပြီးနောက်မှာတောင် ခဲယ်လ်တစ်က ထွက်သွားဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now