အခန်း(၄၆)

1.4K 246 9
                                    

      <မမျှော်င့်ထားသော ပျော်ရွှင်မှု>

ဝမ်ရွှမ့်ထံမှ သဘာဝကျကျ ပြန်ဖြေသံကို ကြားလိုက်ရသောအခါ မုရုံဖုန်းမှာ အမွှေးတို
င် တစ်ဝက်ကုန်စာလောက် ကြာသည်အထိ မတ်တပ်ရပ်ရင်း ဆွံ့အသွားရတော့သည်။အသိစိတ် ပြန်ဝင်လာစဥ်မူ ဝမ်ရွှမ့်ကို ကြည့်နေသော သူမ၏ အကြည့်များမှာ ယခင်ကနှင့် မတူတော့ဘဲ တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့ချေပြီ။

သူမ ပထမဆုံး စဥ်းစားမိသည်ကတော့ ကျင့်ကြံရေးလောက၌ လူနှစ်ဦးအကြား ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော ဝိဥာဥ်သန္ဓေသား အကြောင်းဖြစ်သည်။ကျင့်ကြံသူ နှစ်ဦးစလုံး
၏ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဝိဥာဥ်သန္ဓေသားသည် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ မရှိဘဲ အသက်ရှင်နိုင်သည်။

၎င်းသည် ကျင့်ကြံရေး လောက၌ ဒဏ္ဍာရီသဖွယ် ယုံတမ်းတစ်ခုဖြစ်ပြီး ဝိဥာဥ်သန္ဓေသားကို ဖန်ဆင်းမည်ဆိုပါက ကျင့်ကြံသူ နှစ်ဦးတွင် နက်ရှိုင်းသော ဆက်ဆံရေးနှင့် မြင့်မြတ်သော ကျင့်ကြံခြင်းအဆင့်တို့ ရှိရန် လိုအပ်ပေသည်။

ပြောစရာပင် မလိုအောင် ကြားထဲ၌ ရှုပ်ထွေး၊ခက်ခဲသော အဆင့်ပေါင်းများစွာလည်း ရှိသေးသည်။ထို့အပြင် အဖိုးအခအနေနှင့် ကျင့်ကြံသူ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းအဆင့် အများအပြားကိုပါ ဆုံးရှုံးသွားမည် ဖြစ်သ
ည်။သို့ဖြစ်ရာ ကျင့်ကြံရေး လောကထဲ၌ နှစ်ပေါင်းများစွာ ကြာအောင် လှည့်ပတ်သွားလာခဲ့သော်လည်း ဝိဥာဥ်သန္ဓေသားက မုရုံဖုန်း၏ အမြင်တွင်တော့ ဒဏ္ဍာရီ ယုံတမ်း တစ်ခုသာ။

တစ်နည်းဆိုရသော် ဤကလေးသာ ဝိဥာဥ်သန္ဓေသား ဖြစ်နေခဲ့လျှင် ဝမ်ရွှမ်နှင့် ကျန်းရီအပေါ် သူမ၏ ထင်မြင်ချက်ကို ပြန်သုံးသပ်ရပေတော့မည်။

ထိုအကြောင်းကို တွေးရင်း ကလေးငယ်ကို အသေအချာ စစ်ဆေးရန် အာရုံစူးစိုက်လိုက်ရာ တခဏချင်းမှာပင် မှားယွင်းနေသော တစ်
စုံတစ်ခုကို သတိထားမိသွားခဲ့သည်။ကလေးငယ်၏ ကိုယ်ပေါ်မှ နတ်ဆိုးစွမ်းအင်က အလွ
န် မှိန်ဖျော့ပါသော်ငြား သူမ၏ မျက်လုံးအော
က်မှ ပြေးမလွတ်နိုင်ပေ။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now