After Falling In Love-5(Unicode)

66.4K 4.7K 770
                                    


အရိုးဆောင်၏နားနေခန်းအပေါက်ဝတွင်ရပ်ရင်း တစ်ဖက်အဆောင်အပေါ်ထပ်ရှိ သားဖွားဆောင်ပေါ်သို့ လင်းထက်နောင်၏အကြည့်တို့ စူးစူးစိုက်စိုက်ရောက်ရှိနေရသည်။ ဟိုလူကြီးတစ်ယောက်အား ယခုထက်ထိ အရိပ်အယောင်မျှမမြင်ရသေးသောကြောင့်။

ခြေထောက်ကို လှုပ်ခါလှုပ်ခါဆော့ရင်း အရိုးဆောင်အနောက် ကော်ရစ်ဒါတစ်လျှောက် ယောင်လည်လည်ဖြစ်နေသည်မှာ အခန်းထဲလူနာခုတင်နေရာမလောက်၍ အနောက်ကော်ရစ်ဒါတွင် နေရာချထားရသော လူနာများကတောင် လင်းထက်ကို သိသိသာသာအကဲခတ်နေကြပြီ။

ဒါလည်း ဂရုမစိုက်နိုင်ပါ။ ပထမဆုံး အရိုးဆောင်တွင် အလုပ်စဆင်းသည့်နေ့ဖြစ်သော်လည်း ဌာနထဲ လိုက်မကြည့်နိုင်သေးဘဲ ဟိုလူကြီးကို အရင်နှုတ်ဆက်နိုင်ဖို့သာ စိတ်ဆန္ဒပြင်းပြနေမိတာ။ လက်ကလေးပြနှုတ်ဆက်ရရင်ပဲ တော်ပါပြီ။

ကောင်းကောင်းနဲ့ဝေဝေတို့နှစ်ကောင်ကတော့ ရောက်ကတည်းက ကေ့စ်တွေလိုက်ကြည့်နေကြပြီ။ အရိုးဌာနက နာမည်အတိုင်း အရိုးနှင့်ပတ်သတ်သည့်ကေ့စ်တွေကအစုံမို့ လေ့လာစရာတွေလည်း စုံလှသည်။ ယခုလို လင်းထက် လိုက်မကြည့်ဘဲ ယောင်လည်ယောင်လည်လုပ်နေခြင်းကို ထိုလူကြီးမြင်ရင်တော့ မရိုးနိုင်စွာ ဆူပူမှာကျိန်းသေသည်။

အနည်းငယ်မျှဆူပုပ်ပုပ်ဖြင့် သားဖွားဆောင်သို့ ဇက်ခိုင်မတက်မော့ကြည့်နေမိစဥ် တရှပ်ရှပ်ဝင်လာသော ခြေသံကြောင့် အကြီးအစ်ကိုတွေလားဟု အလန့်တကြားလှည့်​ကြည့်မိတော့ ရှုံ့မဲ့မဲ့နှင့်ဝင်လာသော ကောင်းကင်ယံ။ သူ့နောက်တွင်တော့ ဝေဝေက ပြုံးစပ်စပ်။

"ဘာဖြစ်လို့လဲ ကောင်းကောင်း"

လင်းထက် မေးလိုက်တော့ နှုတ်လေးသော ကောင်းကောင်းက ဖြေရန်ပါးစပ်ဟနေစဥ် နှုတ်သွက်သော ဝေဝေက အရင်စဖြေပြီးဖြစ်သည်။

"ကာဘော်လိုက်(carbolize)တိုက်ထားတဲ့အပေါ် ဖြတ်နင်းမိလို့ ဒေါ်သောင်အော်လိုက်တာလေ"

"အာ"

လင်းထက် နားလည်သွားသည်။

ဒေါ်သောင်က အရိုးဆောင်၏သူနာပြုစစ်စတာကြီး။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now