💵Big Boss 💵
💸Part 2💸
---------------------------------------------------------------
သတိုးရှိန်နောင်တစ်ယောက် ကိုယ်ပိုင်လေယာဥ်ဖြင့် အမိမြေ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့၏ ။
မရောက်တာကြာပြီဖြစ်သော မြန်မာပြည်ကြီးသို့ခြေ ချ လိုက်သည်နှင့် သတိုး တစ်ယောက် ၏ မျက်နှာပေါ်တွင်အပြုံးလေးတစ်ခုဖြစ်သွားပြန်လေသည် ။
" K3 Kingdom ကို ပဲအရင်သွားရအောင် "
K3 ဆိုသူမှာ သတိုး ၏ညာလက်ရုံး တစ်ဆူပင်ဖြစ်သည် ။ မိမိ၏ Boss မှလွဲ ၍ မည်သူ့ကိုမျှ ဂရုမစိုက်ပေ ။
သူ့အတွက် Boss နှုတ်မှ ထွက်သည့်စကားသည်ဟာ အမိန့် တစ်ခုလို K3 ၏ စိတ်နှလုံးသားထဲ၌ နေရာယူထား၏ ။
" Yes ~ Boss "
သတိုးကိုလာကြိုသည့် ယာဥ်တန်းရှည်ကြီးကြောင့် သတိုးခေါင်းသာခါမိတော့၏ ။
ထို့ပြင် များပြားလှစွာသော သတင်းထောက်တွေက မိုက် တစ်ကိုင်ကိုင်ဖြင့် ။ ဓာတ်ပုံရိုက်သူကရိုက်မို့ သတိုး တစ်ယောက် သက်ပြင်းချမိပြန်သည် ။
ဒီကိစ္စတွေဟာ သူ့အတွက် ထူးဆန်းသည့် ကိစ္စတော့မဟုတ်ပေ ။
သူ့လို အောင်မြင်ကျော်ကြားနေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေ နဲ့ အပြုံးလေးတစ်ခုအား မျက်နှာထက်ချိတ်ဆွဲထားပြီး သတင်းထောက်များမေးသည့်မေးခွန်းသို့အားမဖြေကြားပဲ ထိုလေယာဥ်ကွင်း မှ အမြန်ထွက်လာခဲ့လိုက်တော့၏ ။
Kingdom ၏တစ်နေရာ၌...........
" ဟိုလေ အလုပ်လျှောက်ချင်လို့ပါဗျ "
နိုးနိုးတစ်ယောက် ထိုင်ငိုချင်စိတ်ပေါက်နေပြီဖြစ်သည် ။
Kingdom ဆိုသည့်နေရာက သူ့အတွက် အရှိန်အဝါတွေ တောက်ပြောင်နေသည့်နေရာကြီးတစ်ခုလိုဖြစ်နေ၏ ။
ထို့အပြင် Kingdom ရှိ ဝန်ထမ်းများတွင်လည်းအရှိန်အဝါတွေရှိ၏ ။ သူ့လိုအညတရ ကောင်လေးအဖို့ တော့ ထိုအရာတွေနှင့်သူဟာ မိုးနဲ့မြေလိုပင် ။
" ဟိုဘက်က ဒုတိယမြောက်အခန်း ပါရှင့် "
" ကျေးဇူးပါဗျ "
နိုးနိုးလည်း ထိုအစ်မ လမ်းညွှန်လိုက်သည့်အခန်းသို့ တည့်တည့်မတ်မတ်လျှောက်သွားလေ၏ ။
နိုးနိုး ထွက်သွားလိုက်သောအခါ ထိုနေရာကို ရောက်လာသည့်လူတွေကတော့
