အပိုင်း(26)

3.1K 293 30
                                    

ညနေခင်းအချိန်အခါမှာ ရွာထဲမှာရှိတဲ့သူတွေ အာလုံးနီပါး သူကြီးအိမ်မှာစုဝေးရောက်ရှိနေပြီး ဘာကိစ္စအတွက်ခေါ်တာလဲကို အာလုံးကသိချင်နေကြသည်။

"ကဲ အာလုံးကိုခေါ်လိုက်ရတဲ့ အကြောင်းကတော့  မကြာခင်မှာရောက်တော့မဲ့ ရွာဘုရားပွဲအကြောင်းလေးတိုင်ပင်ရင်း ဟိုတစ်နေ့ကမှ မြို့ကနေ ဆေးလာကုသပေးတဲ့ ဆရာဝန်လေးနဲ့ပါ မိတ်ဆက်ပေးချင်လို့ဘဲ

"ပထမဦးဆုံးပြောချင်တာကတော့ ဒီနှစ်လဲရွာဘုရားပွဲမှာ အရင်နှစ်‌ တွေကလို ပျော်ပွဲရွှင်ပွဲတွေနဲ့စည်းစည်ကားကားနဲ့ပျင်းပမယ်ဆိုတာပါဘဲ

"ပျော်ပြီးဟေ့  ဘုရားပွဲရောက်တော့မယ်

"ဟဲ့ကြက်ဥမ ငါနဲ့ဒီကအပြန်အဝတ်အစားသွားချုပ်ကြမယ်

"မနက်ဖြန်ကျုပ်‌တော့ ရွာသွားပြီး ပါးပုတ်တာတို့ နူတ်ခမ်းနီထောင့်တို့သွားမယ်တော့မယ်

" ဒေါ် အာကျယ်ခင်ဗျားအသက်သဖြင့်ကြီးနေပြီး လှချင်နေသေးတယ် ပြင်လဲခဗျားရုပ်က ဒီရုပ်ကဒီရုပ်ဘဲ

ဘုရားပွဲလို့ပြောလိုက်တာနဲ့ အကုန်လုံး သူတို့လုပ်မဲ့ဟာတွေပြောကြပါလေရော သူကြီးဖြစ်သူမှတော့သူတို့အသံတွေကြားမတိုးနိုင်လို့ ငြိမ်နားထောင်နေရတယ်

တစ်နှစ်မှတစ်ခါဘဲကျင်းပရတဲ့ ရွာဘုရားပွဲဆိုတော့ အကုန်လုံးက ပျော်ရွှင်နေကြသည်။ အဝေးမှာသွားပြီးအလုပ်လုပ်နေတဲ့သူတွေကလဲ ဒီလိုအချိန်မှာသာ ရွာကိုပြန်လာကြတာမလို့ မိဘတွေကအရမ်းပျော်ရွှင်ကြသည်။

ပြီးတော့တစ်နှစ်ပတ်လုံးကြိုးစားပြီးအလုပ်လုပ်ရာမှာပိုလျှံနေတဲ့ဝင်ငွေလေးတွေနဲ့လဲကုသိုလ်ပြုရတော့ ပိုပြီးတော့ ပိတိဖြစ်ဖို့ကောင်းသည်။

"ကဲကဲ မင်းတို့ ခဏလောက်ငြိမ်ပေးပါအုံးကွာ ငါပြောပါရစေအုံး

ထိုအခါမှ အကုန်လုံးက အသံတိတ်သွားတော့သည်။

"ဒီနှစ်ရောမနှစ်ကလို ပွဲထည့်ချင်သေးလား ထည့်ချင်ရင်တော့ အလှူငွေ ကောက်ရမှာဘဲနော်

"ထည့်မှာ

"ထည့်မှာပေါ့တော် ဒီနှစ်မှ တစ်ခါပျော်ရတာကို

ဒေါင်းWhere stories live. Discover now