၃၇

3.7K 676 12
                                    

အပိုင်း ၃၇ ညစာစားပွဲပြင်ဆင်ခြင်း

နောက်တစ်ရက်တွင် ယွမ့်ထန်းက ဝေ့ပေါ်နှင့်တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွင် ကြေညာစာတင်လိုက်သည်။ သူ့တွင် ကိုင်တွယ်ရမည့်ကိစ္စအချို့ရှိနေသဖြင့် နောက်သုံးရက်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်နိုင်ဟုဆိုထားသည်။

ထိုသို့ ရုတ်တရက် ကြေညာလိုက်ခြင်းက နက်ဝေါ့အတွင်း အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ မရေမတွက်နိုင်သောလူများက သီးသန့်စာတိုများ ပေးပို့လာကြ၏။ အချို့က သူ၏အစစ်အမှန်ပရိတ်သတ်ဖြစ်ပြီး အချို့ကမူ အခြေအနေအကြောင်း မေးမြန်းချင်၍ဖြစ်သည်။ အများစုက ဝေ့ကျိုး၏လွှမ်းမိုးမှုကြောင့် ယွမ့်ထန်းက ရုပ်ရှင်ဧကရာဇ် ဟုတ်မဟုတ်မေးမြန်းချင်၍လည်းဖြစ်သည်။

ဟော်ညီအစ်ကိုနှစ်ယောက်၏မနေ့ညက သတိပေးစကားကို ပြန်လည်သတိထားမိပြီးနောက်တွင် ယွမ့်ထန်းက မည်သူ့ကိုမျှ မတုန့်ပြန်ခဲ့ပေ။

နေ့လည်တွင် လူအချို့က စတင်ကာ ထင်မြင်ချက်သီအိုရီများကို ထုတ်လာကြသည်။ သူတို့က ယွမ့်ထန်း၏အပြုအမူက သည်အခြေအနေမှ ရှောင်ပြေးလိုကြောင်း သိသာနေသည်ဟုဆိုထားသည်။ သည်လိုရုတ်တရက် နောက်ခံပေါ်သွားပြီးနောက်တွင် သူကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ရုတ်တရက် ရပ်လိုက်သည်။ ထို့ကြောင့် သည်ကိစ္စနှစ်ခုက မည်သို့မျှ မဆက်နွယ်ကြောင်း မည်သူမျှ မယုံကြတော့ပေ။

ထိုမတော်တဆဖြစ်ရပ်က စတားနက်ဝေါ့တစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်သွားစေခဲ့သည်။ ထိုသို့လှုပ်ရှားလိုက်ခြင်းကြောင့်လည်း အမျိုးမျိုးသော ကောလဟာလများက ပျံ့နှံ့လာ၏။ သို့တိုင်အောင် သူက မတုန့်ပြန်သည့်အခါ ပြည်သူလူထု၏ထင်မြင်ချက်ပေးမှုများက ပို၍ လွန်ကဲလာကြသည်။

ကြေညာချက်ထုတ်ပြီးသည်နှင့် ယွမ့်ထန်းက ဝေ့ပေါ်အတွင်းသို့ ထပ်မဝင်တော့ချေ။ ထို့ကြောင့် အွန်းလိုင်းပေါ်မှ ဆွေးနွေးငြင်းခုန်မှုများက သူနှင့် မသက်ဆိုင်တော့ချေ။ မရေမတွက်နိုင်သော သတင်းဌာနများက သူနှင့် ဆက်သွယ်လိုသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက သူ့အား တားဆီးပေးလေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now