၃၈

3.6K 688 14
                                    

တကယ်တော့ မနေ့ကထဲက ခုအပိုင်းပါ တင်မလို့ပါ။အဲဒိအချိန်က မိုးကတအားရွာနေတာ ပြီးတော့ မအိပ်သေးတာလည်း ကြွေပဲ ရှိတော့တာဆိုတော့ ကြောက်လို့😁

အပိုင်း ၃၈ ပထမဦးဆုံးသော သင်ခန်းစာ

ထိုစစ်သားနှစ််ယောက်က အလျင်စလို ရေထည့်ကြသည်။ တစ်ယောက်က မျက်နှာခပ်၀ိုင်း၀ိုင်းရှိသည်။ ထိုလူက ချက်ချင်းလိုလို ပန်ကန်ထဲ တုန်ယင်သော လက်ဖြင့် ရေထည့်လိုက်လေရာ ကြက်ဥများကသာ မြောက်တက်ပြီး ​ ရေပန်းကန်လုံးထဲ ရောက်သွားတော့သည်။

"ဆရာယွမ်.. ကျွန်တော်.."
ထိုစစ်သားက ယွမ့်ထန်းကို မျက်နှာငယ်ဖြင့် ကြည့်သည်။

" ကိစ္စမရှိပါဘူး၊ ပန်းကန်ပြောင်းလိုက်ပါ"
ယွမ့်ထန်းက စိတ်ရှည်စွာ ပြောသည်။

ထိုစစ်သားက ၀မ်းသာသွားပြီး နောက်ထပ်ပန်းကန်လုံးထုတ်ကာ ကြက်ဥထည့်ပြီး မွှေသည်။

အခြားတစ်ယောက်ကမူ အသားမည်းသော စစ်သားဖြစ်သည်။ သူက သူ၏မိတ်ဆွေကို နမူနာ ယူပြီး အားကို လျော့ထည့်သည်။ ရေထည့်နေချိန်တွင်လည်း ရှစ်မိနစ် ပြည့်သည်အထိ တဖြေးဖြေးချင်း မွှေသည်။ထို့နောက် ပေါင်းအိုးထဲသို့ ထည့်ကာ ပြုတ်လိုက်သည်။

သူ့ကို အနီးကပ်ကြည့်နေသည့် ယွမ့်ထန်းက မျှတ​ေသာ အမှတ်ကောင်း ပေးလိုက်သည်။ အစပိုင်းတွင် အမှားလုပ်သည်က သေးငယ်သေ ကိစ္စဖြစ်သည်။ နောက်ပိုင်းတွင်  သူက ဂရုစိုက်ပြီး သတိထားသည့်အပြင် အခြားလူများကိုလည်း နမူနာ ယူတတ်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် အခြားရှစ်ယောက်၏ ကြက်ဥပေါင်းများက အဆင်သင့်ဖြစ်သွားသည်။ ကြက်ဥပေါင်းများကို ပေါင်းအိုးထဲမှ ထုတ်ယူပြီးနောက် အဆာပလာ မစမ်းခင် ယွမ့်ထန်းက ရှစ်ပန်းကန်လုံးကို စစ်ဆေးကြည့်သည်။ ရှစ်ပန်းကန်လုံးတွင် သုံးလုံးက အရည်အသွေး မပြည့်မီချေ။ တစ်ပန်းကန်က ရေများနေပြီး ပေါင်းအိုးထဲ ထည့်လိုက်သည့်အခါ ပုံသဏ္႑ာန်ပင် မပေါ်လာတော့ချေ။အခြားနှစ်ခုဆိုလျင် ကြက်ဥကို နှံ့အောင် မမွှေထားသဖြင့် အဖြူဘက်က များနေသည်။ အရသာကို မဆိုထားဘိ ပုံပန်းသွင်ပြင်ကတင် စားချင်စိတ် မရှိစေချေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now