၄၀

3.5K 653 8
                                    

အပိုင်း ၄၀

ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားထားသဖြင့် စတားနက်​ေဝါ့ပေါ်ရှိ ပြည်သူ့အမြင်နှင့် ထင်ကြေးများက ပို၍ပြင်းထန်လာသည်။ အမျိုးမျိုးသော သုံးသပ်မှုများ၊ ခန့်မှန်းချက် သီအိုရီများက မရပ်မနား ထွက်ပေါ်လာနေသည်။ေ၀့ကျိုးက ရှေ့ဆုံးမှ ဦးဆောင်ကာ တက်ကြွနေပြီး မားကတ်တင်း အကောင့်များ၏ အကူအညီကိုပင် ယူကာ လောင်စာဖြည့်လျက် ယွမ့်ထန်း၏ နာမည်ကို ဖျက်နေသည်။သို့ရာတွင် ယွမ့်ထန်းက ၀ိဉာဉ်ကူးပြောင်းလာပြီးကတည်းက  တိတ်ဆိတ်စွာ နေတတ်သဖြင့် မီဒီယာများက သူနှင့် ပက်သတ်သည့် သတင်းအသစ်များကို မရတော့ချေ။ ထိုသို့ဖြင့် အပူတပြင်းဖြစ်နေသည့် ဆွေးနွေးမှုများကတ ဖြေးဖြေး လျော့ပါးလာသည်။

ပြည်သူများက အသိပြန်၀င်ချိန်တွင် သူတို့က ပြန်ရိုက်ချတော့မည် ဖြစ်သည်။

ဟော်ယွန်ချန်းက ဌားထားသော ရှေ့နေက အစစအရာရာ ကြိုတင်ကာ ပြင်ဆင်ပြီးနေလေပြီ။ အချိန် ကျလာသည်နှင့် သူက ချက်ချင်းလိုလို ေ၀့ကျိုးနှင့်ပ ရိတ်သတ်များကို တရားစွဲတော့သည်။ ထိုသို့ဖြင့် ထိုလူများအားလုံးက သတိလက်လွတ်ဖြစ်ချိန်တွင် ဖမ်းမိသွားကြသည်။သူတို့၏ စတားနက်​ေ၀့ါပေါ်တွင် ပြောထားသမျှကို သေချာ မှတ်တမ်းရယူထားခံံရသည့်အတွက် ယခုမှ ရှောင်ပြေးရန်လည်း မဖြစ်နိုင်ချေ။ ငြင်းဆို၍လည်း မရနိုင်တော့ချေ။

ဟော်ယွန်ရီကလည်း ပူးပေါင်း၇န် အသင့်ရှိနေသည်။ သူက အချိန်မရွေး စတားနက်​ေဝါ့ပေါ်သို့ ယွမ့်ထန်းကအကယ်ဒမီ သိပ္ပံမှ အကြံပေးတစ်ယောက်ဖြစ်ကြောင်း ကြေညာချက် ထုတ်ရန် အသင့်ပြင်ထားသည်။ထိုနည်းအားဖြင့် ယွမ့်ထန်းအား အသရေဖျက် သူများကို ပါးစပ်ပိတ်အောင် လုပ်နိုင်ပေလိမ့်မည်။

သည်တစ်ကြိမ် ကိစ္စဖြစ်လာရခြင်းက ရုတ်တရက် ဆန်လွန်းသဖြင့် တစ်စုံတစ်ယောာက်က ရည်၇ွယ်ချက်ရှိရှိဖြင့်  ပြုလုပ်ခဲ့ခြင်းဖြစ်လောက်သည်။ယွမ့်ထန်း၏ ကိစ္စတွင်ကိစ္စပေါင်းများစွာ ဆက်နွယ်နေသည့်အတွက် ကြံစည်သူက တစ်ယောက်တည်းပင် မဖြစ်နိုင်တော့ချေ။ မျက်လုံးများ အစိမ်းရောင်းသန်းသည်အထိ  မနာလိုဖြစ်နေသော ကီးဘုတ် ဖိုက်တာများက အဆက်မပြတ် တိုက်ခိုက်နေခြင်းသို့မဟုတ် ပြဿနာ ၀င်ရှာလိုသော လူများသက်သက်လည်း ဖြစ်နေနိုင်ပြန်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now