အခန်း (၁)

23.3K 431 0
                                    

ညက ဘယ်လောက် သောက်လိုက်မိလဲမသိ မနက်နိုးတော့ ခေါင်းတွေကိုက်တာ မျက်လုံးတောင် မနဲဖွင့်ယူရသည်။ တစ်ညလုံးအိပ်ခဲ့တဲ့ အိပ်ရာလေးက လှုပ်လို့ကိုမရအောင်သေးတယမလို့ တညလုံး ပုံစံတမျိုးထဲနဲ့ အိပ်လိုက်ရတာ လူတကိုယ်လုံးလဲကိုက်ခဲနာကျင်လို့။

"အား......."

နေမင်းမဟာ တယောက် ပြတင်းတခါးများပိတ်ထားလို့ ခပ်မှောင်မှောင်ဖြစ်နေတဲ့ အခန်းထဲက ကုတင်သေးလေးပေါ်မှာ လှုပ်လို့ရသလောက် လှုပ်ရှားညီးညူနေရင်း

(ဟင်...)

ရုတ်တရက် သူ့ညာဘက်လက်ပေါ်မှာတွေ့လိုက်ရတာ အမျိုးသမီးတယောက်.... အမျိုးသမီးဆိုတာထက် အမျိုးသမီးငယ်တဦးဆိုပိုမှန်မည်။ အိပ်နေတာများ သူဒီလောက် လှုပ်နေ ညီးညူနေတာ သိပုံမပေါ်။ သူ မနိုးတာထား ဘယ်ကနေဘယ်လို ဒီမိန်းကလေး သူ့အခန်းထဲရောက်နေလဲ စဥ်းစားလို့မရတာပြသနာ

ညက သူတို့သူငယ်ချင်းတေ အလှူလာလုပ်တဲ့ မိဘမဲ့ဂေဟာက တိုက်တဲ့ခေါင်ရည်ဆိုတာသောက်ပီး သူမူးသွားတာတော့သိတယ်။ သာမန်အရက်တွေအမြဲသောက်နေကျမဟုတ်ပေမယ့် တကယ်တမ်းသောက်ရင် အတော်များများကို ဟန်မပြတ်တဲ့ထိသောက်နိုင်တဲ့သူ ညက ခေါင်ရည်လေးကျမှ ဘယ်လိုမူးမှန်းမသိမူးသွားတာ ခု သူ့ဘေးကမိန်းကလေးက ဘယ်က ရောက်လာမှန်းမသိ

"ဟေး ဟေး ထဦး ထဦး"

ဘယ်လောက်တောင်အိပ်နေလဲမသိ မနဲကို လှုပ်နှိုးမှပဲ နိုးလာတော့သည်။

"ရှင်က ဘယ်သူလဲ"

နိုးနိုးချင်း တစိမ်းယောက်ျားတယောက်ဘေးမှာရှိနေတာကို အော်ရကောင်းမှန်း ရန်ရှာရကောင်းမှန်းသိပုံပေါ်ရဲ့လားမသိ မေးနေတာ တလုံးချင်း
သူမကသာ သွေးအေးနေတာ သူကတော့ ခေါင်းနပန်းတွေကြီးနေပီ

"ဟေး ထ ထစမ်း မင်း ငါ့အခန်းထဲ ဘယ်တုံးက ရောက်နေတာလဲ"

"ဟင် ..."

သူဒေါသသံနဲ့အော်လိုက်တော့မှ အိပ်ချင်မူးတူးနဲ့ အတင်းကုန်းရုန်းထလာတဲ့ မိန်းကလေး။ ကုတင်က သေးလွန်းတာမလို့ သူမထထချင်းပဲ သူ ကုတင်ပေါ်ကဆင်းပီး ကုတင်နဲ့ ခြေ ၃ လှမ်းလောက်အကွာကိုဆုတ်လိုက်သည်

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now