၄၂

4.4K 605 29
                                    


အပိုင်း ၄၂

စစ်သာများက သန်မာသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။ အသားကြိတ်ခြင်းတွင်ဖြစ်စေ မုန့်သားနယ်ခြင်းတွင်ဖြစ်စေ ပြဿနာ မရှိချေ။ သို့ရာတွင် အရသာဖြည့်ရာတွင် ယုံကြည်ချက်မရှိကြတော့ချေ။ ပမာဏ များခြင်းနည်းခြင်းက အရသာကို ပြောင်းလဲသက်ရောက်စေနိုင်သည့်အတွက် စိုးရိမ်နေကြသည်။ယွမ့်ထန်းက သူတို့၏အတွေးကို နားလည်သွားသည့်အခါ ပြောလိုက်သည်။

"ဂျင်းရည်က နှစ်ဇွန်း၊ ပဲငံပြာရည်က တစ်ဇွန်းနဲ့ ဆားက ဇွန်းတ၀က် ထည့်ရင် ရပါပြီ"

ဇွန်းဆိုသည့် တိကျသည့် တိုင်းတာမှုတစ်ခု ရသွားသည့်အခါ အားလုံးက မစိုးရိမ်ကြတော့ဘဲ သွက်လက်သွားကြသည်။ထိုသို့ဖြင့် သူတို့က ကိတ်မုန့်ဖုတ်သည့်အဆင့်သို့ပင် လျင်မြန်စွာ ရောက်၇ှိသွားကြသည်။ဒယ်ပြားထဲသို့ ရေထည့်သည့်အခါ တဖောက်ဖောက် အသံများ ထွက်လာသည်။သို့သော် ထိုလူများက မည်သည့်တုန့်ပြန်မှုမျှ မပြကြသည့်အပြင် ရှောင်ရှားခြင်းပင် မရှိချေ။

ထိုသို့ဖြင့် ဆန်မုန့်များကို တစ်ခုပြီးတစ်ခု ဆယ်ယူကြသည်။အပြင်ပန်းပုံစံတွင် ထူးထူးခြားခြားကွာခြားချက် မရှိသည့်အတွက် အရသာခံရုံသာ ရှိတော့သည်။

ယွမ့်ထန်းက ဓားယူပြီး တစ်ခုချင်းဆီမှ အစိတ်ငယ်လေးများ လှီးကာ မြည်းကြည့်သည်။ မည်သို့ပင်ဆိုစေ ဆန်မုန့်က အစာကြေ မလွယ်သဖြင့် သည်နေရာတွင် မုန့်က ခြောက်ခုရှိနေလေရာ အနည်းငယ်သာ မြည်းကြည့်နိုင်သည်။

ကျောက်ကွမ်းမင်နှင့် ၀မ်ကျွင်းတို့၏ လက်ရာက အကောင်းဆုံးဖြစ်သည်။နှစ်ယောက်လုံးက အစာသွပ်ခြင်းတွင်ဖြစ်စေ အပြင်ပန်းတွင်ကြွပ်၇ွကာ အတွင်းက စေးကပ်ပြီး နူးညံံ့စေခြင်းတို့တွင်ဖြစ်စေ ပြီးပြည့်စုံအောင် လုပ်နိုင်ကြသည်။အခြားလူများကမူ အပူထိန်းချုပ်ခြင်းကဲ့သို့သော နေရာများတွင် လိုအပ်ချက်များရှိနေလေရာ အောင်သည်ဟုသာ ဆိုနိုင်လေသည်။သို့သော် ပါရမီနည်းပါးသော လျိုဟိုင်ထောင်နှင့် ကွေ့လျန်တို့ပင် ကောင်းကောင်း လုပ်ပြနိုင်ခဲ့ကြသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now