၄၅

2.2K 371 2
                                    

အပိုင်း ၄၅

သူက တို့ပူးကို သေးငယ်သော အတုံးလေးများတုံးသည်။ ထို့နောက် ပုစွန်များမှ ခေါင်း၊ အခွံနှင့် အညစ်အကြေးများကို ဖယ်သည်။လူတိုင်းက ပုစွန်ကိုင်သည့် နည်းလမ်းနှင့် ရင်းနှီးနေကြပြီဖြစ်သဖြင့် မ ည်သူမျှ ဘာမှမပြောကြချေ။ အချို့သော လူများက ယခုအချိန်အထိ ထိုသို့ဖယ်ရှားခြင်းက ရွံစရာကောင်းသည်ဟု ထင်သဖြင့် စားသောက်ချိန်တွင်သာ အာရုံစိုက်လိုကြသည်။

သူက မီးဖိုပေါ်ရှိ အိုးထဲသို့ ရေတ၀က်ခန့်ထည့်ပြီး တည်သည်။ထို့နောက် အပြားလိုက် လှီးထားသော ဂျင်းနှင့် အခွံချွတ်ထားသော ပုစွန်များကို ထည့်ပြုတ်သည်။ ပုစွန်က အနီရောင်သန်းလာသည်နှင့် ဆယ်လိုက်သည်။ထို့နောက် သူက ဒယ်ပြားတစ်ခုကို ယူကာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနှင့် ဂျင်းရည်တို့ကို ထည့်ကာ မွှေးပျံ့လာသည်အထိ မွှေနေလိုက်သည်။ရေထည့်ပြီးနောက် တို့ပူးနှင့် ပုစွန်ကို ထည့်သည်။သူက ဆားနည်းနည်းနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ကာ အရသာဖြည့်သည်။ ဆူပွက်အောင်တည်ပြီးသည်နှင့် အဆင်သင့်ဖြစ်လေပြီ။

ဟင်းချိုကို မီးဖိုပေါ်မှ ချလိုက်ချိန်တွင် လူတိုင်းက အထဲမှ အဖြူရောင်ကျောက်စိမ်းတုံးလို တို့ပူးနှင့် အနီီရဲရဲ ပုစွန်များက အချင်းချင်း လှပစွာ ယှဉ်တွဲရှိနေကြောင်း မြင်ကြရသည်။ ဟင်းရည်က ဖောက်ထွင်းမြင်ရမတတ် ကြည်လင်ပြီး နောက်ဆုံးနားတွင် ထည့်ထားသည့် ကြက်သွန်မြိတ်များကြောင့် လွယ်လပ်ပေါ့ပါးသလိုပင် ခံစားလိုက်ရသည်။

[ ကုယန်ချင်း: အရမ်း အရမ်းကို အရသာရှိတယ်]

[ID29238510: ဒါက ငါ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပထမဆုံးအကြိမ် ကြည့်တာပဲ။ တင်ဆက်သူရဲ့ ဟင်းချက်လက်ရာက အံ့သြဖို့ကောင်းတယ်လို့ ငါ ကြားဖူးတယ်။ အခုတော့ သူက ရိုးရှင်းတဲ့ ပါ၀င်ပစ္စည်းတွေကို အံ့သြစရာကောင်းအောင် အရသာရှိတဲ့ ဟင်းတွေအဖြစ်ပြောင်းလဲနိုင်တာကို ကောလဟာလလို့ မထင်တော့ဘူး။သူက တကယ်ကို လုပ်နိုင်စွမ်းအားရှိတယ်။ တင်ဆက်သူကို သလင်းပန်းတွေပ ို့လိုက်ပါပြီ]

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now