After Falling In Love-6(Unicode)

58K 4.8K 810
                                    

မနက်ခင်းရုံးသွားချိန် ကားလမ်းမသည် ထုံးစံအတိုင်း မရိုးနိုင်စွာ ကားကြီးကားငယ် တန်းစီလျက်ရှိနေပြန်သည်။ ဒါတောင် လင်းထက်တို့ ကျန်းမာရေးဝန်ထမ်းများ၏ အလုပ်သွားရချိန်က ပုံမှန်ရုံးတက်ချိန်ထက် တစ်နာရီလောက် စောနေရသေးလို့။

ဘေးရှိ ကားမောင်းနေသော လူကြီးကို လှည့်ကြည့်မိတော့ ရှေ့တုရှုကိုသာ အာရုံထား၍ ဂရုတစိုက်မောင်းနှင်နေသည်။ စိတ်မရှည်တတ်သော လူကြီးဟာ သူမပိုင်သည့် ကားတွေကို ထိန်းချုပ်၍မရတိုင်း သူပိုင်သည့် မျက်မှောက်​ကြီးကိုသာ တွန့်ချိုးနေတော့တာ။ လင်းထက် သူ့ကို ကြည့်မှန်းသိတော့လည်း တစ်ချက်စောင်းငဲ့ ပြန်ကြည့်လာပါ​သေးသည်။ မကြာခဏပိတ်နေသောကားများအပေါ်စိတ်မရှည်စပြုနေသူကို ကြည်လင်စိမ့်စေသောငှာ စကားစမြည်ပြောဖို့တွေးမိသည်။

"သည်နေ့ ကျွန်တော် တွမ်တီဖိုးအာဝါဂျူတီကျတယ် သိလား၊ အစ်ကိုရော"

"တူတူပဲ"

"ဟင် တူပြန်ပြီလား"

တအံ့တဩရေရွတ်မိတော့ သူက ခပ်တည်တည်ပါပဲ။ လင်းထက် မသိမသာမျက်မှောက်ကုတ်မိသည်။ တိုက်ဆိုင်တာတွေက များလွန်းနေချေပြီလေ။ လင်းထက် အရိုးဆောင်သို့ စကျကတည်းက ယခုတစ်ပတ်ကျော်သည်အထိ ထိုလူကြီးနှင့် ဂျူတီချိန်တွေ အကုန်တူနေသည်မှာ ကောင်းကောင်းကားနှင့်မလိုက်ဖြစ်တော့ဘဲ ထိုလူကြီးကားနှင့်သာ နေ့တိုင်းလိုက်ခဲ့ရသည်အထိ။

"အစ်ကို့အချိန်ဇယားပြပါဦး၊ ကျွန်တော့်ဟာနဲ့တိုက်ကြည့်ဦးမယ်၊ ဘယ်နှစ်ရက်တောင် တူနေတာလဲလို့"

လင်းထက်ဖုန်းကိုထုတ်ရင်းပြောတော့ ထိုလူကြီးက မပြချင်သလိုမျက်နှာအမူအရာမှာရှိသည်။

"အစ်ကို့ဖုန်း"

လက်ဖြန့်ကာ ထပ်မံတောင်းလိုက်တော့မှ အိတ်ထဲမှဖုန်းကို ခပ်နှေးနှေးထုတ်ပေးသည်။ သိနေပြီးသားဖြစ်သော ထိုလူကြီး၏မွေးနေ့လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်လိုက်ပြီးနောက် များပြားလှသော ဆေးနှင့်ပတ်သတ်သည့်ဓာတ်ပုံများကြားမှ သည်လအတွက် အချိန်ဇယားကိုရှာယူရသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now