Chapter -32
7K 1.1K 14
Zawgyi
သုံးလေးရက်ကြာလာချိန်မှာ ဒန်နာရီဟာ နေသားကျလာတော့သည်၊မြို့စားမင်းမက်စ်ဟာ အဖြစ်မှန်ကို သိထားတာကြောင့် သူ့ကိုကောင်းမွန်စွာဆက်ဆံခြင်းဖြစ်သည်ကို ဒန်နာရီရိပ်မိသည်၊ဒါပေမယ့် အရင်ဘဝတုန်းကတော့ ဘာကြောင့်လဲ၊အရင်ဘဝတုန်းက မြို့စားမင်းမက်စ်ဟာ သူ့အပေါ်ကောင်းမွန်စွာ မဆက်ဆံခဲ့ပေ၊မဟုတ်သေးဘူး တစ်ကယ်ဆိုရင် ဟာကွက်များစွာရှိနေခဲ့သည်၊အဲ့တုန်းက သူသတိမထားမိခဲ့ပေမယ့် သေချာပြန်စဉ်းစာကြည့်ရင် မြို့စားမင်းမက်စ်ဟာ သူ့ကို အသေလွတ်မုန်းတီး​နေစရာ အကြောင်းမရှိပေ၊
ဒန်နာရီ အတိတ်ကအကြောင်းတွေကို ဖြေးဖြေးချင်း ပြန်ဆွဲထုတ်ကြည့်မိသည်၊သူနဲ့မြို့စားမင်းမက်စ်ဟာ တစ်ခါမှ မဆုံတွေ့ဖူးခဲ့ပေ၊တစ်ကယ်လို့ တွေ့ဆုံဖူးခဲ့ရင် သူနဲ့တထေရာတည်းတူနေသည့်မြို့စားမင်းမက်စ်ကို ဒန်နာရီ မေ့စရာအကြောင်းမရှိဘူး၊အရင်ဘဝက သူတို့မတွေ့ဆုံဖူးပေ၊ဒါပေမယ့် သူ့ကို ဒုက္ခပေးနေတဲ့ကိစ္စရပ်တိုင်းရဲ့နောက်ကွယ်ကလူဟာ မြို့စားမင်းမက်စ်ဟု သံသယများစွာပေါ်ထွက်ခဲ့ဖူးသည်၊
"သခင်လေး နေ့လည်စာ စားသုံးလို့ရပါပြီရှင့်" အစေခံမလေးကြောင့် ဒန်နာရီအတွေးများဟာ ပြတ်တောက်သွားတော့သည်၊ဒန်နာရီရဲ့နေ့လည်စာကတော့ ရိုးရှင်းပြီး ယူနိုရက်စ်နယ်မြေ ဒေသထွက်အသီးအနှံ့တစ်ချို့ကို အရသာရှိဖွယ်ချက်ပြုတ်ထားပြီး အသားရှားပါးလွန်းတဲ့အရပ်ဒေသဖြစ်ပေမယ့် ဒန်နာရီအတွက် ကြီးမားတဲ့အသာကင်တစ်တုံးကတော့ ပါမြဲပေ၊ဒန်နာရီဟာ အားရပါးရစားသောက်နေတုန်းမှာပဲ ငရဲဂိတ်ရဲ့အပြင်ဘက်ကနေ ကြီးမားတဲ့အော်ဟစ်သံကြီးကို ကြားလိုက်ရတော့သည်၊မြို့စားမင်းအိမ်တော်ဟာ ငရဲဂိတ်ရဲ့အနီးနားမှာ တည်ဆောက်ထားပြီး အန္တရာယ်တစ်ခုခုကြုံလာရင် အလွယ်တကူ ကာကွယ်လို့ရအောင် တည်ဆောက်ထားခြင်းဖြစ်သည်၊
ဒန်နာရီဟာ စားလက်စကိုရပ်တန့်လိုက်ပြီး အခန်းပြင်ထွက်လာတော့သည်၊အ​စေခံတစ်ချို့ဟာ ပြေးလွှားနေပြီး အလုပ်ရှုပ်နေကျတော့သည်၊ဒန်နာရီဟာ အပြင်ထွက်လာပြီး အစေခံတစ်ယောက်ကို ဘာဖြစ်နေလဲ မေးမြန်းလိုက်တော့သည်၊