3.4K 458 11
                                    

အပိုင်း ၂

အံ့သြစရာပဲ ငါက နောက်ဆုံး ရောက်တဲ့လူ မဟုတ်ဘူးလား

၀တ္ထုမှ ဇာတ်ကောင်များကို ပုံဖော်ထားတဲ့ အ​ေနအထားကို ပြန်လည်မြင်ယောင်လာတော့ ကျိုင်ရှင်းချန်အနေနဲ့ ဘယ်သူ့ကို ဘယ်လို ကြည့်ရမှန်းတောင် မသိတော့ဘူး

"ဟယ်လို"

ကောင်လေးတစ်ယောက်က သူ့ကို အပြုံးနဲ့ လက်ရမ်း နှုတ်ဆက်လာတယ်။အဲဒိကောင်လေး ၀တ်ထားတဲ့ အဖြူရောင် တီရှပ်နဲ့ ဂျင်းတွေကို ကြည့်လိုက်ရုံနဲ့ ဘယ်သူမှန်း သူ သိလိုက်တယ်။

ဒီတစ်ခေါက် ရှိုးက ဇိမ်ခံပစ္စည်းတွေကို အဓိကသုံးကျတော့ ရီဗျူးတွေမှာ အရှုပ်အထွေး ရှိလာနိုင်တာကို သိပြီး ရိုက်ကူးရေး အဖွဲ့သားတွေက သာမန်အရပ်သား နှစ်ယောက်ကို ထည့်ထားတယ်။

သူအပြင် အခြားကောင်လေးတစ်ယောက်ပါပြီး အဲဒိကောင်လေးက အနီ(ရှို့.....  ဘော့တွန်)ဘက်က လေးယောက်မြောက် ဇာတ်ကောင်တစ်ယောက်ဖြစ်တယ်။

သူက​ေတာ့ ဆင်းရဲသား တက္ကသိုလ်ကျောင်းသားလေးသာ ဖြစ်ပေမဲ့ တဖက်ကောင်လေးကတော့ သူရဲ့မိသားစုထက် အနည်းငယ်သာတဲ့ အခြေအနေကို ပိုင်ဆိုင်ထားပြီး ကျောင်းက စောထွက်ကာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ပန်းဆိုင်ဖွင့်ထားတဲ့ ကောင်လေး ဖြစ်တယ်။ တဖက်ကောင်လေးက ပြောလာတယ်။

"ဟယ်လို ငါရဲ့ နာမည်က ၀မ်နော့ပါ(နူအော့ ဆိုတော့လေ နျော့ဖြစ်မလားပဲ၊ နော့လား  ဒီနှစ်ခုပေါင်းအသံ ဖြစ်မယ် )"

၀မ်နော့က သူရဲ့ နာမည်အတိုင်း ရှက်လွယ်တဲ့ နွေးထွေးတဲ့ ကောင်လေး၊ ဒါကြောင့်ပဲ ရှင်းချန်က သူ့ကို သဘောကျတယ်။ ဒီကောင်လေးရဲ့ စရိုက်က ညင်သာသလို ဖြူစင်ပြီး ချိုမြိန်တယ်။

ချစ်ခြင်းကို အဓိကထားတဲ့ ရသစုံ ရှိုးတွေမှာ ချိုမြိန်တဲ့ လူမျိုးတွေက တကယ့် လူသတ်သမားဖြစ်လာမှာပဲ။ အကျော်ကြားဆုံး ချစ်ခြင်းကို အဓိကထားတဲ့ ရသစုံ ရှိုး ဆယ်ခုမှာဆိုရင်ကိုးခုလောက်က ဒီအတိုင်း ဖြစ်လာတတ်တယ်။

ကောင်လေးချင်းပဲဖြစ်ဖြစ် ကောင်လေးနဲ့ကောင်မလေးအတွက်ပဲဖြစ်ဖြစ် ချိုမြိန်မှုက ပထမလာတယ်။ အများအားဖြင့် ဧည့်သည်တွေရဲ့ အကြိုက်က တိကျကြတယ်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now