အပိုင်း ၂၁

394 44 8
                                    

Unicode

ကာတာရှီတယောက် အဆက်အသွယ်အားလုံးကိုသုံးပြီး စုံးစမ်းပေမဲ့ လုံးဝအစအနမရပေ။ cctvများအား စစ်ဆေးသော်လည်း တိုက်ပွဲဖြစ်စဥ်အတွင်း ပျက်စီးသွားကြသဖြင့် ထင်သလောက် အထောက်အထားရရှိခြင်းမရှိချေ။တခုတည်းသောသဲလွန်စက အနက်ရောင်မြူငွေ့များသာဖြစ်သည်။

ပိုင်ဝေ့ရှင်းကို ရိုက်မိထားသောcctvရှုထောင့်တခုတွင် ပုတ်သင်ညို၏တိုက်ခိုက်မှုကြောင့် ပိုင်ဝေ့ရှင်းသတိလစ်သွားတာကိုတွေ့ရပြီး မြူငွေ့များဖုံးလွှမ်းလာကာ တခဏအကြာတွင် ပိုင်ဝေ့ရှင်းပျောက်သွားခြင်းဖြစ်သည်။

ရုံးချုပ်ရဲ့လက်တံကတောင် လွတ်နိုင်တဲ့အင်အားစုက ဘယ်လိုမျိုးလဲ။ ဘာကြောင့်ရော ပိုင်ဝေ့ရှင်းကိုဖမ်းသွားတာလဲ ။ ဖမ်းသွားတယ်လို့ပဲယေဘူယျယူရမည်ဖြစ်သည်။ တခြားအကြောင်းပြချက်ရှာမတွေ့ပေ ။ ရက်သတ္တပတ်အနည်းငယ်အထိ ပိုင်ဝေ့ရှင်းရဲ့သတင်း ကြားရခြင်းမရှိချေ ။ Kingdomကော်ပိုရေးရှင်းက နည်းပညာပိုင်းဆိုင်ရာအတော်ဆုံးလူတွေနဲ့ cctvကို သေချာအောင်ပြန်ကြည့်တဲ့အခါ လူရိပ်မှုန်မှုန်လေးတခုကို အနက်ရောင်မြူငွေ့များကြားတွေ့လိုက်ရသည်။ လူလုံးမကွဲသဖြင့် လမ်းစက ပျောက်နေပြန်သည်။
....................

ပိုင်ဝေ့ရှင်းပျောက်ဆုံးပြီး ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများလဲမရှိ ငြိမ်သက်နေသည်။
ကျောင်းကိုသွားကာ စာကြည့်တိုက်အတွင်း လူစိမ်းကိုရှာရတဲ့အလုပ်တခု ယုကီအီတယောက် ပုံမှန်ရနေသည်။ ထိုလူစိမ်းကသူတယောက်ထဲရှိချိန်ဆို စကားလာပြောပေမဲ့ ရိုစလီတယောက် ဘေးမှာရှိချိန်ဆို စကားလုံးဝလာမပြောချေ ။

ယုကီအီ အခုချိန်ထိ သူ့နာမည်ကိုမသိသေးပါ။ လူစိမ်းလို့ပဲ မှတ်ထားခြင်းဖြစ်သည်။ ဒီနေ့လဲ ပိုင်ဝေ့ရှင်းသတင်းကို ကြားရနိုးနိုးဖြင့် စာကြည့်တိုက်အား အစောကြီးသွားကာ ရှာနေမိသည်။ ထုံးစံအတိုင်း ကိုယ်တော်ချောက တွေ့နေကျနေရာက စာအုပ်စင်ကိုမှီကာ ရပ်စောင့်နေသည် ။ ယုကီအီ အပြေးလေးသွားကာ မေးလိုက်သည်။

"ဟေ့လူ ရှင်းကို အခုထိပြန်မပို့ပေးသေးဘူးလား?.. ခများရဲ့လူကြီးကရော ဘာအတွက် ရှင်းကိုခေါ်ထားတာလဲ?.. ရှင်းကိုအိမ်ကစိတ်ပူနေပြီ..ပြန်ပို့ပေးတော့.."

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now