"အွန့် ကိုကို"
"အဟွန်း နိုးပြီလား"
"သားတွေသမီးတွေရော"
"ဟိုဘက်အခန်းမှာလေကလေးရယ် ဆော့နေကြတယ်"
"အို ကလေးတွေကိုအဲ့လိုလွတ်မထားနဲ့လေကိုကိုရဲ့"
"အကိုတွေရှိပါတယ် ကလေးရဲ့ပူမနေနဲ့"
ကလေးတွေက မနက်5နာရီကတည်းကနိုးနေပြီးမနက်စာစားပြီးလို့ဆော့တောင်နေကြပြီဖြစ်သည်။ဒီနေ့စနေနေ့မို့သားတွေကျောင်းပိတ်တာနဲ့သူ့ညီမလေးနဲ့မနက်စောစောထဆော့ကြတာဖြစ်သည် ။
ညက ညနက်မှအိပ်ရတာကြောင့်ခုမှနိုးလာသောသူ့မိန်းမလေးကမနက်ခင်းရဲ့အလှနတ်ဘုရားလေးပင်။ ချစ်ရသည်မြတ်နိုးရသည်။ ဒီမိန်းမနဲ့ပဲသေတပန်သက်တဆုံးပေါင်းဖက်ပါရစေ။
"ကိုကို ကိုကိုလို့"
"အင်း ဟင်"
"ငေးလှချည်လားကိုကိုရဲ့"
"ဘာမှမဟုတ်ပါဘူးကွာ ကဲကဲ ထ မျက်နှာသစ်တော့ ဒီမနက်ကလေးအကြိုက်ရှမ်းခေါက်ဆွဲဝယ်ထားပေးတယ်"
"ဟီး ချစ်တယ်ယောကျ်ား"
"ဟား ယောကျ်ားကပိုချစ်တယ်မိန်းမရဲ့"
"ပိုလွန်းတာ ဟွန်း"
ချစ်ခြင်းကိုကို့ကိုမျက်စောင်းလေးထိုးကာရေချိုးခန်းထဲဝင်ရေချိုးမျက်နှာသစ်ပြီး သဘက်လေးရင်ရှားကာ ထွက်လာတော့ ကိုကိုကနေရာကမရွေ့ထိုင်နေတဲ့ကုတင်ပေါ်မှာပင်။
"ကလေးတွေကိုမခေါ်တော့ဘူးလားကိုကိုရဲ့"
"အောက်မှာသူ့အဖိုးတွေနဲ့ဆော့နေပြီးကလေးရဲ့ ဒီနေ့ဖေဖေက သူ့မြေးတွေကိုဟိုဘက်ခြံထဲသွားထိန်းမယ်ဆိုပဲ"
မာန်တို့ခြံကကျယ်ဝန်းတာကြောင့် အိမ်ကြီးရဲ့အနောက်ဘက်မှာ တစ်ထပ်အိမ်အဖြူလေးကိုလှပစွာဆောက်ထားသည်။ခြံထဲကအပင်တွေကစိမ်းစိုတာကြောင့် နေရောင်ပင်သိပ်မတိုး အေးစိမ့်စိမ့်ရှိလှသည်။ ဖေဖေကအဲ့မှာပြောင်းနေတာကြောင့် ဒီအိမ်ကြီးမှာအစေခံတွေနဲ့သူတို့မိသားစုသာရှိသည်။ ဖေဖေကတော့ပြောပါတယ် *ငယ်တုန်းရွယ်တုန်းလွတ်လွတ်လပ်လပ်နေပါတဲ့*။
ESTÁS LEYENDO
ကိုကိုလူဆိုး (Complete)
Romancewarning ပါရှင် မီးနီကပါများမှာမလို့ မကြိုက်ရင်မဖတ်ကြပါနဲ့💓
